သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုးမှု ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရေးရုံး (UN Development Coordination Office – UNDCO) ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Mr. David William Mclachlan-Karr ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ဗန်ကောက်မြို့အခြေစိုက် ကုလသမဂ္ဂဖွံ့ဖြိုးမှု ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးရုံး (UN Development Coordination Office – UNDCO) ၏ အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး  Mr. David William Mclachlan-Karr ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နေ့လယ်ပိုင်း တွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လက်ခံ တွေ့ဆုံ သည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ကုလသမဂ္ဂအဖွဲ့အစည်းများက ဆောင်ရွက်နေသည့် လုပ်ငန်း စီမံချက်များ ပိုမိုအကျိုးရှိထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ကုလသမဂ္ဂနိုင်ငံဆိုင်ရာအဖွဲ့ (UN Country Team)တို့အကြား အနီးကပ် ပူးပေါင်းဆောင်ရွက်ရေး၊  နိုင်ငံတော်အစိုးရ၏ ငလျင်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များအား ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ဆောင်ရွက်ဆဲ လုပ်ငန်းအစီအစဉ်များနှင့် ပေါင်းစပ်ညှိနှိုင်း အကောင်အထည်ဖော်ရေး၊ အကျိုးရှိထိရောက်သော ကူညီထောက်ပံ့မှုများ ဖြစ်စေရန်အတွက် အလေးထားဆောင်ရွက်ရေး ကိစ္စများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့် အရာရှိကြီးများနှင့် ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Michael Dunford တို့ တက်ရောက်ကြောင်း သတင်းရရှိသည်။