နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

မြန်မာ-နယ်သာလန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စတင်ခဲ့ပါသည်။ 


အဓိကပူးပေါင်းဆောင်ရွက်မှုများ

၂။ နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား နားလည်မှုစာချွန်လွှာ MoU on Cooperation in the field of Agriculture, Food Safety, Livestock, Fisheries and Farmer’s Organizations ကို ၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့တွင် နယ်သာလန်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေးဝန်ကြီးနှင့် ယခင် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့က လက်မှတ်ရေးထိုးခဲ့ပြီး စီမံချက် လုပ်ငန်းအသီးသီးအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၃။ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက နယ်သာလန်အစိုးရ၏ ကူညီထောက်ပံ့ငွေ နှင့်ချေးငွေ စုစုပေါင်း ယူရို ၅၉.၉၂ သန်းအားရယူ၍ ပြည်ကြီးတံခွန်မြို့နယ်ရေပေးဝေရေးစီမံကိန်းကို ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ (၂) နှစ်ကျော် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။