နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

ပိုလန်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ မြန်မာနိုင်ငံနှင့် ပိုလန်နိုင်ငံသည် ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သံတမန် ဆက်ဆံ ရေး စတင်ထူထောင်ခဲ့ပါသည်။

အဓိကပူးပေါင်းဆောင်ရွက်သည့် စီမံချက်များ

၂။ ပိုလန်နိုင်ငံမှ ချေးငွေယူရို သန်း (၅၀) ရယူ၍ မြန်မာနိုင်ငံ၏ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ချေးငွေစာချုပ်ကို ၁၁-၄-၂၀၁၇ ရက်နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ပိုလန်သံရုံးနှင့် ယခင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအကြား လက်မှတ်ရေးထိုးခဲ့ပြီး ‌ပိုလန် နိုင်ငံမှ ခေတ်မီအဆင့်မြင့်မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်အမျိုးအစား (၉) စီးအပါ အဝင် စုစုပေါင်း ယာဉ် (၇၅) စီးဝယ်ယူ၍ တိုင်းဒေသကြီး/ပြည်နယ်များ၏ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းသုံးယာဉ်များ၊ ငလျင်ဘေးနှင့် မြေပြိုမှုဖြစ်စဉ်များတွင် အသုံးပြုယာဉ်များ၊ ဓာတု၊ ဇီဝ၊ ရေဒီယိုသတ္ထုကြွ၊ နျူကလီးယားနှင့် အန္တရာယ်ဖြစ်စေတတ်သော ပစ္စည်းများ ဖယ်ရှားရေး လုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

 ၃။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆောင်ရွက်မည့် Modern Waste to Biogas Project in Yangon စီမံကိန်းကို ပိုလန်နိုင်ငံမှ Official Development Assistance ချေးငွေ ယူရို သန်း (၅၀) ရယူဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ ၃၁-၁-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ခွင့်ပြုချက်ရရှိခဲ့ပြီး ချေးငွေသဘောတူစာချုပ်များ ချုပ်ဆို ၍ လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။