သတင်းများ

နေပြည်တော် မေလ ၁၀ ရက်     
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ မီးဘေး      အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာတိုးပွားစေရန် နေပြည်တော်၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများကို ဖိတ်ကြား၍ မီးဘေးသတိမူရေးနှင့် ကြိုတင်ကာကွယ်ရေး ဟောပြော      ဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြသမှုအား ၂၀၂၂ ခုနှစ်၊ မေလ ၁၀ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ် (၁) ၌ ကျင်းပခဲ့ပါသည်။
အဆိုပါ ဟောပြောသရုပ်ပြပွဲသို့ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အရာရှိကြီးများနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် မီးသတ်တပ်ဖွဲ့ဝင် များမှ လက်တွေ့သရုပ်ပြသခဲ့ပြီး ဝန်ကြီးဌာနရှိ ဝန်ထမ်းများမှ    ပါဝင်သရုပ်ပြလေ့ကျင့်ခဲ့ ကြသည်။