သတင်းများ

      ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်း နှင့် အမှုထမ်း ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ  ရုံးအမှတ်(၁)၊ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းလွဲ ၁၃၀၀နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

         အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်နှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် လက်ရှိအသုံးပြုနေသည့်  မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ (၂၀၁၆) နှင့်  နည်းဥပဒေများကို သေချာစွာ နားလည်သဘောပေါက်ရန် လိုအပ်သကဲ့သို့ နိုင်ငံ၏ လိုအပ်ချက်အရ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကိုပေါင်းစပ်ကာ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအဖြစ် ပြဌာန်းကာ အဆင့်ဆင့် ပြောင်းလဲခဲ့မှုကိုပါ သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ ဌာနရှိ အရာထမ်း၊ အမှုထမ်းများအားလုံး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဘာသာရပ်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ပိုမိုသိရှိနားလည်စေရန်သာမက ဌာနတွင်း စီမံအုပ်ချုပ်မှု ဆိုင်ရာ ကိစ္စရပ်များကို ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ဝန်ထမ်းများအနေ ဖြင့် နိုင်ငံ့ဝန်ထမ်း ဉပဒေ၊ နည်းဉပဒေများ ပိုမို နားလည်ပြီး လိုက်နာကျင့်သုံးနိုင်စေရန်နှင့်  ဝန်ကြီးဌာနဝန်ထမ်းများ၏ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း (၁/၂၀၂၃) ကို ပို့ချရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏လုပ်ငန်းများအား ချမှတ်ထားသည့် မူဝါဒနှင့်အညီ အောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်ရန် ဝန်ထမ်းများ၏ စွမ်းရည်ဖွံ့ဖြိုးမှုမှာ အထူးလိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဘာသာရပ်နှင့် အထူးပြုဘာသာ ရပ်များအား မိမိတို့ဌာနတွင်း ကျွမ်းကျင်သူများသာမက သက်ဆိုင်ရာဝန်ကြီးဌာနမှ ဘာသာရပ် ကျွမ်းကျင်သူများအားလည်း ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဖြစ်ခြင်းကြောင့် သင်တန်းသားများ အနေဖြင့် ယခုသင်တန်းတက်ရောက်ရာတွင် စိတ်ပါဝင်စားစွာ ဂရုတစ်စိုက် သင်ကြားကြစေ လိုကြောင်း၊ သင်တန်း စည်းမျဉ်းစည်းကမ်းများနှင့် အညီ သင်ကြားလေ့လာသွားကြရန် တိုက်တွန်းပါကြောင်းပြောကြားခဲ့ပြီး သင်တန်းဆင်း အရည်အချင်းစစ် စာမေးပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး ထူးချွန်သူများကိုလည်း ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း များအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သို့  လူကိုယ်တိုင်နှင့် Online မှတစ်ဆင့် သင်တန်းသား/ သူ စုစုပေါင်း(၆၀) ဦး တက်ရောက်ကြပြီး အဆိုပါ သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၁၇ ရက် နေ့အထိ (၁) လ ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 


  1.