သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၃)သင်တန်းဆင်းပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား တိုးတက်လာစေရေးအတွက် နိုင်ငံ တော်မှ ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို  အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ စီးပွားရေးဦးတည်ချက်(၄)ရပ်အနက်မှ  ဒုတိယအချက် ဖြစ် သော ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဝန်ကြီးဌာနတွင်းရှိ ဝန်ထမ်းများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ကုမ္ပဏီဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များ အောက်ရှိ ပညာရပ်ဆိုင်ရာ  ကိစ္စ ရပ်များကို ထိထိရောက်ရောက် မှန်မှန် ကန်ကန်မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်စေရန် အတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည် (Capacity) တိုးတက်စေရေးအတွက် ဘာသာရပ်ဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည် တတ်ကျွမ်းရန် လိုအပ်ပါကြောင်းနှင့် ဝန်ထမ်းများအားလုံး နိုင်ငံ့တာဝန် ထမ်းဆောင်ရာတွင်  ဝိရီယ၊ သစ္စာ၊ ဉာဏ၊သမာဓိ (၄) မျိုး ဖြင့် နိုင်ငံအကျိုးကို‌ ကောင်းမွန်စွာ သယ်ပိုးနိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်ရန် လိုအပ်ပါကြောင်းဖြင့်    ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသည့် သင်တန်းသားများနှင့် Group Presentation အကောင်းဆုံးရရှိသည့် သင်တန်းသားများအား ဆုများချီးမြှင့်ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ပါသည်။ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဉီးက သင်တန်းမှ ရရှိသည့် အကျိုးကျေးဇူးများနှင့် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်းအတွက် ကျေးဇူးတင်စကားပြန်လည် ပြောကြားပါသည်။

အဆိုပါ သင်တန်းတွင်  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေအပါအဝင် စီမံခန့်ခွဲမှု သဘော တရားများ (Management) ကောင်းမွန်သော စီမံအုပ်ချုပ်မှု (Good Governance) ၊ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ကုမ္ပဏီများ ဉပဒေ (Myanmar Companies Law) ၊ ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဉပဒေ ၂၀၁၆ (Myanmar Investment Law) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ စသည်တို့ကို သင်ကြား ပို့ချပေးခဲ့ပြီး အဆိုပါ သင်တန်းသို့ အရာထမ်း အမှုထမ်း (၄၀) ဦး က လူကိုယ်တိုင်နှင့် Online မှ တစ်ဆင့် (၃၄) ဦး စုစုပေါင်း (၇၄) ဦး တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ အဆင့်မြင့်အရာရှိများ၊ သင်တန်းသားများ   Online အပါအဝင် စုစုပေါင်း အင်အား (၀) ကျော် တက်ရောက်ကြပါသည်။

ဝန်ကြီးဌာနတွင်း ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး မွမ်းမံသင်တန်း အမှတ်စဉ်  (/၂၀၂၃) ကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။