ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ အမျိုးသားသိပ္ပံအကယ်ဒမီပညာရှင်နှင့် သိပ္ပံ နှင့်နည်းပညာဗဟိုဌာန၊ ညွှန်ကြားရေးမှူး မစ္စတာ အလက်ဆီ ရှကာဒါရီဗစ်ချ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ရုံးအမှတ် (၁) ၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် ဘယ်လာရုစ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်နိုင်ငံသဘောတူ လက်မှတ်ရေးထိုးခဲ့သည့် မြန်မာ-ဘယ်လာရုစ် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ လမ်းပြမြေပုံ (၂၀၂၆-၂၀၂၈) ၏ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်တစ်ခုဖြစ်သည့် သိပ္ပံနှင့်နည်းပညာ ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာနယ်ပယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ်ငန်းများမှတစ်ဆင့် ထုတ်လုပ်မှုနယ်ပယ်အသီးသီးသို့ အကျိုးပြုစေမည့် နည်းပညာလွှဲပြောင်းရရှိရေးနှင့် နှစ်နိုင်ငံ အကြား စီးပွားဆက်သွယ်ရေးတို့အား မြှင့်တင်ရန် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံမှုသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ အမျိုးသားသိပ္ပံ အကယ်ဒမီပညာရှင်နှင့် သိပ္ပံနှင့် နည်းပညာဗဟိုဌာန၊ ညွှန်ကြားရေးမှူးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ