Covid-19 သတင်းများ


နေပြည်တော်၊ မတ်လ  ၃၀   ရက်


COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၁) ကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များဖြစ်ကြသော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပါသည်။


အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌက COVID-19 Fund မှ ချေးငွေ ရယူထား သူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလသက်တမ်း တစ်နှစ်စေ့ရောက်သည့် နေ့မှစ၍  နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်ရေးကိစ္စအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက လမ်းညွှန်ခဲ့သဖြင့် နိုင်ငံပိုင်မီဒီယာများ၌ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ကြေညာခဲ့ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းကော်မတီ၏ လုပ်ငန်းအဖွဲ့ (Task Force) နှင့် COVID-19 Fund မှ ထုတ်ပေးထားသည့် ချေးငွေများအကျိုးရှိစွာ အသုံးချမှုအပေါ် တိုင်းဒေသကြီး/ ပြည်နယ် စိစစ်ကြပ်မတ်ရေး အဖွဲ့များကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သဖြင့် သက်ဆိုင်ရာအဖွဲ့များမှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လုပ်ငန်းကော်မတီသို့တင်ပြပေးရန် မေတ္တာရပ်ခံလို ကြောင်းနှင့် ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင် ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့တင်ပြ၍ ပြင်ဆင်ထုတ်ပြန်နိုင်ရေး ဆောင်ရွက် လျက်ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းများ လျင်မြန်စွာလည်ပတ်နိုင်ရေးအတွက် လုပ်ငန်း ကော်မတီအနေဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း ဆွေးနွေးပြောကြား ပါသည်။
ဆက်လက်၍ အစည်းအဝေး တက်ရောက်လာကြသူများက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။