Covid-19 သတင်းများ


နေပြည်တော်၊ ဇွန်လ ၁၆ ရက်
COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) ကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် လုပ်ငန်းကော်မတီဝင်များ ဖြစ်ကြသော စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌနှင့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ချေးငွေရယူထားသူများ၏ သုံးစွဲမှုအပေါ် စိစစ်ဆောင်ရွက်မှုများနှင့် ချေးငွေရယူထားသူများ၏ တင်ပြချက်ဆိုင်ရာကိစ္စများ၊ ပြန်လည် လည်ပတ်လာပြီဖြစ်သည့် စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းကော်မတီက   ဆက်လက် ဆောင်ရွက်ပေးရန်ကိစ္စများ၊ မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာစေရေး စီမံချက် (Myanmar Economic Recovery Plan-MERP) (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာကိစ္စများ၊ ဝန်ကြီး ဌာန/ အဖွဲ့အစည်းများမှ လုပ်ငန်းကော်မတီသို့ တင်ပြလာသည့် အခက်အခဲကိစ္စရပ်များနှင့် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပါသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာကြသူများက COVID-19 ကြောင့် စီးပွားရေး သက်ရောက်မှုများ ကုစားရေးအတွက်ဝန်ကြီးဌာနအလိုက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများက ပြန်လည်တင်ပြလာသည့် အချက်များနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။