သတင်းများ

သတင်းများ

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း မြန်မာနိုင်ငံဆိုင်ရာနော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes အား Virtual Meeting ဖြင့် လက်ခံတွေ့ဆုံ


နေပြည်တော် ဇွန် ၂၄


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံအမတ်ကြီး H.E. Ms. Tone Tinnes အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၌ Virtual Meeting ဖြင့် လက်ခံတွေ့ဆုံသည်။


ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။