ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန

DICA ၏ လုပ်ငန်းတာဝန်များမှာ-

  • ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများအတွက် စည်းမျဉ်းထိန်းသိမ်းသူအနေဖြင့်လည်းကောင်း
  • ကုမ္ပဏီ မှတ်ပုံတင် ဌာနအဖြစ်လည်းကောင်း
  • ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အေဂျင်စီအနေဖြင့်လည်းကောင်း
  • မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ အတွင်းရေးမှူးရုံးအနေဖြင့် လည်းကောင်း တာဝန်ယူဆောင်ရွက်လျှက်ရှိပါသည်။

ထို့အပြင် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့်တင်ခြင်းနှင့် ကာကွယ်ခြင်းဆိုင်ရာ သဘော တူညီချက် များ အား မူကြမ်းပြုစုခြင်း၊ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အတည်ပြုခြင်းများအား တာဝန်ယူဆောင်ရွက်လျှက် ရှိသည့် အာဆီယံ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်သည့်ကိစ္စရပ်များ (ဥပမာ- အာဆီယံနိုင်ငံများ ပါဝင်သော ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်၊ အာဆီယံနှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များ) နှင့် ပတ်သက်၍ လည်း အဓိက ဆက်သွယ်ရမည့် ဌာနအနေဖြင့် တာဝန်ယူလျှက်ရှိပါသည်။

နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုထိရောက်စွာ ဆွဲဆောင်နိုင်စေရန်အတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၏ အမိန့် ကြော်ငြာစာအမှတ် ၈၇/၂၀၁၈ အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကို ယခင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနကြီးကြပ်မှုအောက်မှ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကြီးကြပ်မှုအောက် သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။

DICA VISION DICA MISSION
Realize the potential Facilitate Business, Promote Investment, Sustain the Country Development

ရည်ရွယ်ချက်များ

  • ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးမြှင်လာစေရန်
  • ပုဂ္ဂလိက စွန့်ဦးတည်ထွင် စီးပွားရေးလုပ်ငန်းကို အားပေးရန်
  • ဒေသတွင်းနှင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ရန်
  • အဖွဲ့အစည်းတည်ထောင်ဆောင်ရွက်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံ မူဘောင်များအား ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်

DICA၏ ဆောင်ပုဒ်

  • D – Dutiful (တာဝန်ကျေပွန်ခြင်း)
  • I– Industrious (လုံ့လဝီရိယရှိခြင်း)
  • C – Capable (စွမ်းဆောင်ရည်ပြည့်ဝခြင်း)
  • A – Accountable (တာဝန်ခံမှုရှိခြင်း)

တာ၀န်နှင့် ၀တ္တရားများ-

  • ဝန်ထမ်းများ၏ ရာထူး၊ စွမ်းဆောင်ရည်၊ ပြင်ဆင်ချက်များနှင့် အဖွဲ့အစည်း၏ အတည်ပြု သဘောတူညီချက်များကို စီမံခန့်ခွဲခြင်းနှင့် ဆောင်ရွက်ခြင်း။
  • ဝန်ထမ်းများနှင့်စပ်လျဉ်း၍ ရာထူးခန့်အပ်ခြင်း၊ နှစ်တိုးလစာများ ခံစားခွင့်ပြုခြင်း၊ ရာထူးတိုးမြှင့် ပေးခြင်း၊ နေရာပြောင်းရွှေ့တာဝန်ချထားခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ အဆင့်လျှော့ချ ခြင်း၊ အပြစ်ပေးအရေးယူခြင်း၊ ရာထူးမှထုတ်ပစ်ခြင်း၊ အငြိမ်းစား ပေးခြင်းနှင့် ဝန်ထမ်းဆိုင်ရာ ကိစ္စရပ်များကို စီမံဆောင်ရွက်ခြင်း။
  • ဝန်ထမ်းများ၏ ခွင့်အမျိုးမျိုး ခံစားခွင့်ပြုခြင်း၊ အငြိမ်းစားပေးခြင်း၊ အမှုထမ်းသက် ဆက်စပ်ခြင်း၊ လျော်ကြေးပေးခြင်းနှင့် နောက်ဆုံးထုတ်လစာ ထောက်ခံချက် (LPC) များ ထုတ်ပေးခြင်းကိုဆောင်ရွက်ခြင်း။
  • ဝန်ထမ်းများ၏ အောက်ဖော်ပြပါ အချက်များအား မွမ်းမံခြင်းထိန်းသိမ်းထားခြင်းနှင့် အစီရင်ခံခြင်း-
    • အမှုထမ်းစာအုပ်
    • ဝန်ထမ်းကဒ်
    • ကိုယ်ရေးဖိုင်
    • ရုံးတက်/ရုံးဆင်းမှတ်တမ်း
    • ခွင့်မှတ်ပုံတင်ခြင်း
    • လုပ်ငန်းနှင့်သက်ဆိုင်သည့် အတွင်းရေးစာများနှင့် အစိုးရပြန်တမ်းစာများ
    • ဝန်ထမ်းများ၏ အငြိမ်းစားယူခြင်း ရက်စွဲမှတ်တမ်းများ
    • ဆုချီးမြှင့်ခြင်း
  • ဌာန၊ ဌာနခွဲများ၏ အသုံးပြုရန်လိုအပ်သော ပုံသေပိုင်ပစ္စည်းများ စီစဉ်ဆောင်ရွက်ခြင်း။
  • ဝင်စာ၊ ထွက်စာများကို လက်ခံခြင်း၊မှတ်ပုံတင်ခြင်း၊ အဆင့်ဆင့်တင်ပြခြင်း။
  • ရုံးဆောက်အဦနှင့် ဝန်ထမ်းနေအိမ်များ ပြုပြင်ထိန်းသိမ်းမွမ်းမံခြင်း။
  • ရုံးသုံးလိုအပ်သော အသုံးအဆောင် အမျိုးမျိုးတို့အား ဝယ်ယူခြင်း စနစ်တကျ အသုံး ပြုခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း မှတ်တမ်းများထားရှိခြင်း။
  • ဌာနအတွက် အသုံးပြုရန် မော်တော်ယာဉ်များကို ဝယ်ယူခြင်း၊ စနစ်တကျသုံးစွဲစေခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်း လေလံစနစ်ဖြင့် ပြန်လည်ရောင်းချခြင်း မှတ်တမ်းများ ထားရှိခြင်းနှင့် ယာဉ်မောင်းများ ခန့်ထားတာဝန်ပေးအပ်ခြင်း။
  • ရုံးသုံးပရိဘောဂများနှင့် ရုံးသုံးကိရိယာများကို ဝယ်ယူခြင်း စနစ်တကျသုံးစွဲစေခြင်း ပြုပြင်ခြင်း ထိန်းသိမ်းခြင်း မှတ်တမ်းများ စာရင်းပြုစုထားခြင်း။
  • မော်တော်ယာဉ်များအား ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်း၊ ပြင်ဆင်စရိတ်တင်ပြခြင်း၊ ဗဟိုစက်ပစ္စည်းနှင့် စာရင်းအင်းဦးစီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းကိစ္စများ ကိုစီမံခန့် ခွဲခြင်း။
  • မိလ္လာ၊ ရေးဆိုးစနစ်နှင့် သန့်ရှင်းရေးအလုပ်သမားများကို ခန့်ထားတာဝန်ပေးအပ်ခြင်း နှင့် စီမံခြင်း။
  • ရုံးအဆောက်အဦနှင့် ပစ္စည်းများ၊ စာရွက်စာတမ်းများ၊ ဖိုင်များလုံခြုံရေးအတွက် လုံခြုံရေး အလုပ်သမား များအား အသစ်ခန့်အပ်ခြင်း။
  • ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက် ရသုံးမှန်းခြေ ငွေစာရင်းများပြုစုခြင်း၊ရေးဆွဲခြင်း ညှိနှိုင်းဆောင်ရွက်ခြင်း။
  • ကုမ္ပဏီများက ပေးသွင်းသည့် မှတ်ပုံတင်ကြေးနှင့် အခြားရငွေများကို ရရှိရေးနှင့် စာရင်း တင်သွင်းရေးကိစ္စများကို ဆောင်ရွက်ခြင်း။
  • ဌာန၏ လစဉ်ဘဏ္ဍာရေးအစီရင်ခံစာများ စုစည်းခြင်း၊ စိစစ်ခြင်းနှင့် ညှိနှိုင်းရေးဆွဲ တင်ပြခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • ဌာနများမှ တောင်းခံလာသော အသုံးစရိတ်များကို တည်ဆဲစည်းမျဉ်း စည်းကမ်းများ နှင့်အညီ ကြိုတင်စစ်ဆေးခြင်းများ စီမံဆောင်ရွက်ခြင်း။
  • ဝန်ထမ်းလစာများ ခရီးစရိတ်နှင့် အချိန်ပိုဆင်းဝန်ထမ်းများအတွက် စိစစ်ပြီးပါက ဘဏ်မှ ငွေထုတ်ရန် ပေးချေခြင်းကိုဆောင်ရွက်ခြင်း။
  • ဌာနခွဲများ၏ မှတ်တမ်းများကို ထိန်းသိမ်းထားခြင်း၊ စုဆောင်းထားသည့် အချက်အလက်များနှင့် သတင်းအချက်အလက်များကို လိုအပ်သည့်အခါ စနစ်တကျ ထုတ်ယူအသုံးပြုရေး အတွက် စီစဉ်ဆောင်ရွက်ခြင်း။
နိုင်ငံခြားကုမ္ပဏီဌာနခွဲ၏ လုပ်ငန်းတာဝန်များ
  • နေ့စဉ်ဝင်ရောက်လာသော ဝင်စာများအား လုပ်ငန်းများဆောင်ရွက်ပေးခြင်း
  • မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ နိုင်ငံခြားကုမ္ပဏီ/ရုံးခွဲများ၊ အသင်းများ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်မည့် ဖက်စပ်ကုမ္ပဏီများ ဖွဲ့စည်း မှတ်ပုံတင်ပေးခြင်း
  • ကုမ္ပဏီများမှ တင်ပြလာသော ပုံစံ (၆) ၊ ပုံစံ (၂၆) ၊ ပုံစံ (င) ၊ ပုံစံ (၁၈) ၊ ရုံးခန်း လိပ်စာပြောင်းခြင်း၊ အစုရှယ်ယာပြောင်းခြင်း၊ လုပ်ငန်းရည်ရွယ်ချက် ပြောင်းခြင်း၊ ကိစ္စရပ်များ ဆောင်ရွက် ပေးခြင်း
  • နိုင်ငံခြားကုမ္ပဏီ/ရုံးခွဲများ၊ အသင်းများ၊ ဖက်စပ်ကုမ္ပဏီများ သက်တမ်းတိုးမြှင့် ပေးခြင်း
  • ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော ဖက်စပ် ကုမ္ပဏီများတွင် စာရင်းစစ် ခန့်အပ်ရန်ဆောင်ရွက်ပေးခြင်း
  • နိုင်ငံခြားကုမ္ပဏီ/ရုံးခွဲများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားများ နေထိုင်ခွင့် ဗီဇာ အတွက် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ထောက်ခံ ပေး ခြင်း
  • နိုင်ငံခြားကုမ္ပဏီ/ရုံးခွဲများ၊ အသင်းများ၊ ဖက်စပ်ကုမ္ပဏီများ ဖျက်သိမ်းခြင်း အတွက် ဆောင်ရွက်ပေးခြင်း
ကုမ္ပဏီရေးရာဌာနခွဲ၏ လုပ်ငန်းတာဝန်များ
  • နေ့စဉ်ဝင်ရောက်လာသော ဝင်စာများအား လုပ်ငန်းများဆောင်ရွက်ပေးခြင်း
  • မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ မြန်မာနိုင်ငံကုမ္ပဏီများ၊ နိုင်ငံခြား ကုမ္ပဏီ/ ရုံးခွဲများ၊ အသင်းများ၊ ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီ အက်ဥပဒေအရ ဖွဲ့စည်း တည်ထောင်မည့် ဖက်စပ်ကုမ္ပဏီများ ဖွဲ့စည်းမှတ်ပုံတင် ပေးခြင်း
  • ကုမ္ပဏီများမှ တင်ပြလာသော ပုံစံ (၆) ၊ ပုံစံ (၂၆) ၊ ပုံစံ (င) ၊ ပုံစံ (၁၈) ၊ ရုံးခန်း လိပ်စာပြောင်းခြင်း၊ အစုရှယ်ယာပြောင်းခြင်း၊ လုပ်ငန်းရည်ရွယ်ချက် ပြောင်းခြင်း၊ ကိစ္စရပ်များ ဆောင်ရွက် ပေးခြင်း
  • မြန်မာနိုင်ငံကုမ္ပဏီများ၊ နိုင်ငံခြားကုမ္ပဏီ/ရုံးခွဲများ၊ အသင်းများ၊ ဖက်စပ် ကုမ္ပဏီများ သက်တမ်းတိုးမြှင့် ပေးခြင်း
  • ၁၉၅၀ ပြည့်နှစ် အထူးကုမ္ပဏီအက်ဥပဒေအရ ဖွဲ့စည်းတည်ထောင်ထားသော ဖက်စပ် ကုမ္ပဏီများတွင် စာရင်းစစ် ခန့်အပ်ရန်ဆောင်ရွက်ပေးခြင်း
  • မြန်မာနိုင်ငံကုမ္ပဏီများ၊ နိုင်ငံခြားကုမ္ပဏီ/ ရုံးခွဲများတွင်ခန့်ထားသော နိုင်ငံခြား သားပညာရှင်များ၊ တာဝန်ထမ်းဆောင်နေသော နိုင်ငံခြားသားများ နေထိုင်ခွင့် ဗီဇာ အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ ထောက်ခံ ပေးခြင်း
  • မြန်မာနိုင်ငံကုမ္ပဏီများ၊ နိုင်ငံခြားကုမ္ပဏီ/ရုံးခွဲများ၊ အသင်းများ၊ ဖက်စပ်ကုမ္ပဏီ များ ဖျက်သိမ်းခြင်းအတွက် ဆောင်ရွက်ပေးခြင်း
  • မူဝါဒရေးရာ (ပြည်တွင်း/နိုင်ငံတကာ) သုတေသနလုပ်ငန်းများကိုစိစစ်ဆောင်ရွက်ခြင်း။
  • မျက်မှောက်ရေးရာ (ပြည်တွင်း/နိုင်ငံတကာ) သုတေသနလုပ်ငန်းများကို စိစစ် ဆောင်ရွက်ခြင်း။
  • လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးအတွက် (ပြည်တွင်း/ပြည်ပ) သင်တန်းများကို စေလွှတ်ရေးနှင့် အခြားဌာနများမှ ဖိတ်ကြားလာသော သင်တန်းများ ပို့ချရေးကိစ္စများ စီစဉ် ဆောင်ရွက်ခြင်း။
  • ပြည်တွင်း/ပြည်ပဆွေးနွေးပွဲ၊ အစည်းအဝေး၊ လေ့လာရေးကိစ္စရပ်များစေလွှတ်နိုင်ရန် စီစဉ် ဆောင်ရွက်ခြင်း။
  • ဌာန၏ရုံးလုပ်ငန်းတာဝန်များအားရုံးလုပ်ငန်းလက်စွဲနှင့်အညီလိုက်နာ ဆောင်ရွက်ခြင်း။
  • နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ တင်ပြလာသည့် စိုက်ပျိုးရေးကဏ္ဍ၊ သစ်တောကဏ္ဍ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ နှင့် စားသောက်ကုန်လုပ်ငန်းကဏ္ဍများအတွက် အဆိုပြုလွှာ တင်ပြလာမှုများအား ခွင့်ပြုမိန့် ရရှိရန်အတွက် ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ဝင်စားသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်း များနှင့် လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတင်ပြရာတွင် ပါဝင်ရမည့်အချက်အလက်များအား လုပ်ငန်း အမျိုးအစားအလိုက် Check List ပြုစု၍ စာရွက်စာတမ်းများ၊ ငွေကြေးတန်ဖိုး ကိန်းဂဏန်းဖော်ပြချက်များ၊ စက်ပစ္စည်းအရေအတွက်များ၊ တွက်ချက်မှုများ ပြည့်စုံ မှန်ကန်ခြင်း ရှိမရှိ စိစစ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အချက်အလက်ပြည်စုံ မှန်ကန်ပါက မှတ်ပုံတင်လက်ခံထားရှိပြီး အဆိုပြုချက်စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြခြင်းနှင့် တချိန်တည်းမှာပင် သက်ဆိုင်ရာ ဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခြင်း။
  • အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆုံးဖြတ်သည့် မူပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စီးပွားရေး ဆိုင်ရာ တွက်ချက်မှု လိုအပ်ချက်များအား ကုမ္ပဏီ/ဌာနသို့ လိုအပ်ချက် အကြောင်းကြားစာ ထုတ်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်အား သေချာစွာ စိစစ်ပြီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူခြင်း။
  • ကော်မရှင်အစည်းအဝေးမှ ခွင့်ပြုပါက ခွင့်ပြုမိန့်အား ရင်းနှီးမြှုပ်နှံသူသို့ ပေးအပ်ခြင်း။
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပွင့်လင်းမြင်သာမှု (Transparency) ရှိစေရေးအတွက် စာနယ်ဇင်းနှင့် မီဒီယာများမှ မေးမြန်းချက်များဖြေကြားခြင်း၊ ဌာန၏ website တွင် တင်ပြခြင်း။
  • ကော်မရှင်ခွင့်ပြုမိန့်ရပြီး လုပ်ငန်းများ၏ ကမကထပြုသူအမည်ပြောင်းလဲခြင်း၊ ရင်းနှီး မြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်း၊ ကုမ္ပဏီ လိပ်စာပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် အရပ်ဒေသ တိုးချဲ့ခြင်း/ပြင်ဆင်ခြင်း၊ အဆိုပြုလုပ်ငန်းအမည်ပြောင်းလဲခြင်းများအား ခွင့်ပြုမိန့်တွင် ပြင်ဆင်ပေးခြင်း။
  • အထူးစီးပွားရေးဇုန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းနှင့် အညီ လုပ်ငန်းများ ဆောင်ရွက်ခြင်း။
  • မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ ရုံးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခြင်း။
  • အထူးစီးပွားရေးဇုန်များ၏ လစဉ် အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေများကို နိုင်ငံတော်သမ္မတရုံးသို့ ပုံမှန် အစီရင်ခံစာတင်ပြခြင်း။
  • နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ တင်ပြလာသည့် အထည်ချုပ်လုပ်ငန်းကဏ္ဍ၊ အသေးစားစက်မှုလုပ်ငန်း ကဏ္ဍ၊ အကြီးစားစက်မှု လုပ်ငန်း ကဏ္ဍများအတွက် အဆိုပြုလွှာများအား ခွင့်ပြုမိန့်ရရှိရန် အတွက် ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ဝင်စားသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်း များနှင့် လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတင်ပြရာတွင် ပါဝင်ရမည့်အချက်အလက်များအား လုပ်ငန်း အမျိုးအစားအလိုက် Check List ပြုစု၍ စာရွက်စာတမ်းများ၊ ငွေကြေးတန်ဖိုး ကိန်းဂဏန်း ဖော်ပြချက်များ၊ စက်ပစ္စည်းအရေအတွက်များ၊ တွက်ချက်မှုများ ပြည့်စုံ မှန်ကန်ခြင်း ရှိမရှိ စိစစ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အချက်အလက်ပြည်စုံ မှန်ကန်ပါက မှတ်ပုံတင်လက်ခံထားရှိပြီး အဆိုပြုချက်စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြခြင်းနှင့် တချိန်တည်းမှာပင် သက်ဆိုင်ရာ ဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခြင်း။
  • အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆုံးဖြတ်သည့် မူပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စီးပွားရေး ဆိုင်ရာ တွက်ချက်မှု လိုအပ်ချက်များအား ကုမ္ပဏီ/ဌာနသို့ လိုအပ်ချက် အကြောင်းကြားစာ ထုတ်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်အား သေချာစွာ စိစစ်ပြီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူခြင်း။
  • ကော်မရှင်အစည်းအဝေးမှ ခွင့်ပြုပါက ခွင့်ပြုမိန့်အား ရင်းနှီးမြှုပ်နှံသူသို့ ပေးအပ်ခြင်း။
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပွင့်လင်းမြင်သာမှု (Transparency) ရှိစေရေးအတွက် စာနယ်ဇင်းနှင့် မီဒီ ယာများမှ မေးမြန်းချက်များဖြေကြားခြင်း၊ ဌာန၏ website တွင် တင်ပြခြင်း။
  • ကော်မရှင်ခွင့်ပြုမိန့်ရပြီး လုပ်ငန်းများ၏ ကမကထပြုသူအမည်ပြောင်းလဲခြင်း၊ ရင်းနှီး မြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်း၊ ကုမ္ပဏီ လိပ်စာပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် အရပ် ဒေသ တိုးချဲ့ခြင်း/ပြင်ဆင်ခြင်း၊ အဆိုပြုလုပ်ငန်းအမည်ပြောင်းလဲခြင်းများအား ခွင့်ပြုမိန့်တွင် ပြင်ဆင်ပေးခြင်း။
  • နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ တင်ပြလာသည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အအုံလုပ်ငန်းများနှင့် အခြား ဆက်စပ်လုပ်ငန်းများ (ဆောက်လုပ်ရေးကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုဇုန်၊ လျှပ်စစ်ကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍ) အဆိုပြုလွှာများအား ခွင့်ပြုမိန့်ရရှိရန် အတွက် ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ဝင်စားသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်း များနှင့် လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတင်ပြရာတွင် ပါဝင်ရမည့်အချက်အလက်များအား လုပ်ငန်း အမျိုးအစားအလိုက် Check List ပြုစု၍ စာရွက်စာတမ်းများ၊ ငွေကြေးတန်ဖိုး ကိန်းဂဏန်း ဖော်ပြချက်များ၊ စက်ပစ္စည်းအရေအတွက်များ၊ တွက်ချက်မှုများ ပြည့်စုံ မှန်ကန်ခြင်း ရှိမရှိ စိစစ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အချက်အလက်ပြည်စုံ မှန်ကန်ပါက မှတ်ပုံတင်လက်ခံထားရှိပြီး အဆိုပြုချက်စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြခြင်းနှင့် တချိန်တည်းမှာပင် သက်ဆိုင်ရာ ဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခြင်း။
  • အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆုံးဖြတ်သည့် မူပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စီးပွားရေး ဆိုင်ရာ တွက်ချက်မှု လိုအပ်ချက်များအား ကုမ္ပဏီ/ဌာနသို့ လိုအပ်ချက် အကြောင်းကြားစာ ထုတ်ပေးခြင်း။
  • အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ မှတ်တမ်းအား ကော်မရှင်အစည်းအဝေးသို့ အလှည့်ကျ တင်ပြခြင်း။
  • ကုမ္ပဏီမှ ပြန်လည်တင်ပြလာသည့် စီးပွားရေးဆိုင်ရာ တွက်ချက်မှုများအား အသေးစိတ် စစ်ဆေးခြင်း။
  • သက်ဆိုင်ရာဌာနများမှ ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ပါက ကုမ္ပဏီသို့ စာဖြင့်အကြောင်းကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်အား သေချာစွာ စိစစ်ပြီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူခြင်း။
  • ကော်မရှင်အစည်းအဝေးမှ ခွင့်ပြုပါက ခွင့်ပြုမိန့်အား ရင်းနှီးမြှုပ်နှံသူသို့ ပေးအပ်ခြင်း။
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပွင့်လင်းမြင်သာမှု (Transparency) ရှိစေရေးအတွက် စာနယ်ဇင်းနှင့် မီဒီ ယာများမှ မေးမြန်းချက်များဖြေကြားခြင်း၊ ဌာန၏ website တွင် တင်ပြခြင်း။
  • ကော်မရှင်ခွင့်ပြုမိန့်ရပြီး လုပ်ငန်းများ၏ ကမကထပြုသူအမည်ပြောင်းလဲခြင်း၊ ရင်းနှီး မြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်း၊ ကုမ္ပဏီ လိပ်စာပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် အရပ် ဒေသ တိုးချဲ့ခြင်း/ပြင်ဆင်ခြင်း၊ အဆိုပြုလုပ်ငန်းအမည်ပြောင်းလဲခြင်းများအား ခွင့်ပြုမိန့်တွင် ပြင်ဆင်ပေးခြင်း။
  • နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုဥပဒေများအရ တင်ပြလာသည့် သတ္တုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍ၊ အခြား လုပ်ငန်း များကဏ္ဍ အဆိုပြုလွှာများအား ခွင့်ပြုမိန့်ရရှိရန် အတွက် ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိတ်ဝင်စားသည့် ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်များကို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ၊ သတင်းအချက်အလက်များ မျှဝေပေးခြင်း၊ ဥပဒေ၊ စည်းမျဉ်း များနှင့် လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာတင်ပြရာတွင် ပါဝင်ရမည့်အချက်အလက်များအား လုပ်ငန်း အမျိုးအစားအလိုက် Check List ပြုစု၍ စာရွက်စာတမ်းများ၊ ငွေကြေးတန်ဖိုး ကိန်းဂဏန်း ဖော်ပြချက်များ၊ စက်ပစ္စည်းအရေအတွက်များ၊ တွက်ချက်မှုများ ပြည့်စုံ မှန်ကန်ခြင်း ရှိမရှိ စိစစ်ခြင်း၊ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး အချက်အလက်ပြည်စုံ မှန်ကန်ပါက မှတ်ပုံတင်လက်ခံထားရှိပြီး အဆိုပြုချက်စိစစ်ရေးအဖွဲ့ အစည်းအဝေးသို့ တင်ပြခြင်းနှင့် တချိန်တည်းမှာပင် သက်ဆိုင်ရာ ဌာနများသို့ သဘောထားမှတ်ချက် တောင်းခံခြင်း။
  • အဆိုပြုချက်စိစစ်ရေးအဖွဲ့မှ ဆုံးဖြတ်သည့် မူပိုင်းဆိုင်ရာ လိုအပ်ချက်များနှင့် စီးပွားရေး ဆိုင်ရာ တွက်ချက်မှု လိုအပ်ချက်များအား ကုမ္ပဏီ/ဌာနသို့ လိုအပ်ချက် အကြောင်းကြားစာ ထုတ်ပေးခြင်း။
  • အဆိုပြုချက် စိစစ်ရေးအဖွဲ့၏ မှတ်တမ်းအား ကော်မရှင်အစည်းအဝေးသို့ အလှည့်ကျ တင်ပြခြင်း။
  • ကုမ္ပဏီမှ ပြန်လည်တင်ပြလာသည့် စီးပွားရေးဆိုင်ရာ တွက်ချက်မှုများအား အသေးစိတ် စစ်ဆေးခြင်း။
  • သက်ဆိုင်ရာဌာနများမှ ပြန်ကြားလာသည့် သဘောထားမှတ်ချက်များအရ ပြင်ဆင် ဖြည့်စွက်ရန် လိုအပ်ပါက ကုမ္ပဏီသို့ စာဖြင့်အကြောင်းကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက်အား သေချာစွာ စိစစ်ပြီးပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့ တင်ပြ၍ ဆုံးဖြတ်ချက်ရယူခြင်း။
  • ကော်မရှင်အစည်းအဝေးမှ ခွင့်ပြုပါက ခွင့်ပြုမိန့်အား ရင်းနှီးမြှုပ်နှံသူသို့ ပေးအပ်ခြင်း။
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆိုင်ရာ သတင်းအချက်အလက်များ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ပွင့်လင်းမြင်သာမှု (Transparency) ရှိစေရေးအတွက် စာနယ်ဇင်းနှင့် မီဒီ ယာများမှ မေးမြန်းချက်များဖြေကြားခြင်း၊ ဌာန၏ website တွင် တင်ပြခြင်း။
  • ကော်မရှင်ခွင့်ပြုမိန့်ရပြီး လုပ်ငန်းများ၏ ကမကထပြုသူအမည်ပြောင်းလဲခြင်း၊ ရင်းနှီး မြှုပ်နှံမှုပမာဏ တိုးမြှင့်ခြင်း၊ ကုမ္ပဏီ လိပ်စာပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် အရပ် ဒေသ တိုးချဲ့ခြင်း/ပြင်ဆင်ခြင်း၊ အဆိုပြုလုပ်ငန်းအမည်ပြောင်းလဲခြင်းများအား ခွင့်ပြုမိန့်တွင် ပြင်ဆင်ပေးခြင်း။
  • ကော်မရှင်မှ ခွင့်ပြုမိန့်ထုတ်ပေးပြီးနောက်ပိုင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ လိုအပ်သည့် လုပ်ငန်းသုံးပစ္စည်းများနှင့် ကုန်ကြမ်းများ တင်သွင်းခွင့်ရရှိရေး ဆောင်ရွက်ခြင်း။
  • ကော်မရှင် အစည်းအဝေးမှ သဘောတူခွင့်ပြုချက်အရ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ ခံစားခွင့်ရှိသည့် အခွန်ကင်းလွတ်ခွင့် (Exemption) နှင့် သက်သာခွင့် (Relief)များ ထုတ်ပြန် ပေးခြင်း။
  • ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့်ဆောင်ရွက်နေသည့် လုပ်ငန်းများမှ နိုင်ငံခြားသားပညာရှင်များ ခန့်ထားခွင့်၊ နေထိုင်ခွင့်၊ သက်တမ်းတိုးခွင့်၊ အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့်ဗီဇာ ရရှိရေး ဆောင်ရွက်ပေးခြင်း။
  • ကော်မရှင်ခွင့်ပြုပြီး လုပ်ငန်းများ၏ ပေးသွင်းရန်ရှိသည့် အခွန်အခများ ပေးသွင်းမှု ရှိ-မရှိ၊ လုပ်ငန်းအစီရင်ခံစာများ သတ်မှတ်ကာလအတွင်း မှန်မှန် ပေးပို့မှု ရှိ-မရှိ စိစစ်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် စီးဝင်မှု အခြေအနေ စာရင်းဇယားများကို လစဉ်ပြုစုမှတ်တမ်း တင်ခြင်း၊ အထက်အကြီးအကဲများထံ ပြုစုတင်ပြခြင်း။
  • ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ခြင်း၊ တည်ဆောက်ရေးကာလ ကျော်လွန်ပြီးနောက်ပိုင်း လိုအပ်သည့် လုပ်ငန်းသုံး စက်ပစ္စည်းများ၊ တင်သွင်းခွင့်များအား စိစစ်ပြီး ကော်မရှင်သို့ တင်ပြပေးခြင်း။
  • ခွင့်ပြုမိန့်ရရှိပြီးနောက် လုပ်ငန်းများအား လိုအပ်သလို စစ်ဆေးကြပ်မတ်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအတွက် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲများနှင့် ဆွေးနွေးပွဲများ ပြုလုပ်ခြင်း။ (ဌာနတွင်းရှိလူများအားလုံး)
  • ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တွင်ရေးဆိုင်ရာကိစ္စရပ် များအား ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ Update သတင်းအချက်အလက်များ၊ အစီအစဉ်များအပြင် ဥပဒေ စည်းမျဉ်းစည်းကမ်းများကို Website တင်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လမ်းညွှန်စာအုပ်များ စီစဉ် ရိုက်နှိပ်ဖြန့်ဝေခြင်း။
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးမှုများအတွက် စီစဉ် ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အတွက် ခရီးသွားလာခြင်း။
  • ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဆိုင်ရာလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း။
  • မူဝါဒချမှတ်ရန်နှင့် စီမံကိန်းဥပဒေများ ရေးဆွဲနိုင်ရေးကို အထောက်အပံ့ပြုနိုင်ရေးအတွက် ကုမ္ပဏီမှတ်ပုံတင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းအင်းအချက်အလက်များ စုဆောင်း ရန်။
  • ပွင့်လင်းမြင်သာမှုကိုရှေးရှု၍ အထက်ဌာနများနှင့် ပြည်တွင်းသက်ဆိုင်သည့်အစိုးရ အဖွဲ့အစည်းများသို့ ဖြန့်ဝေမည့် ရင်းနှီးမြှုပ်နှံမှု အစီရင်ခံစာပုံစံမျိုးစုံ ပြုစုဆောင်ရွက်ရန်။
  • တိကျမှန်ကန်သည့် ကိန်းဂဏန်းအချက်အလက်များ ရရှိနိုင်ရေးနှင့်ပတ်သက်၍ အတွေ့ အကြုံရရန်နှင့် နည်းပညာအကူအညီရရှိရန်အတွက် နိုင်ငံတော်ဗဟိုဘဏ်၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့နှင့် အခြားအပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်။
  • ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ နိုင်ငံတော်အဆင့်လုပ်ငန်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက် နိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်။
  • ရင်းနှီးမြှုပ်နှံမှု ကွန်ယက်တည်ဆောက်ရန်နှင့် ချဲ့ထွင်နိုင်ရေး အားပေးရန်။
  • တိကျမှန်ကန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ ရရှိရေး ကြီးကြပ်ဆောင်ရွက်ရန်နှင့် စီမံခန့်ခွဲရန်။
  • ရင်းနှီးမြှုပ်နှံမှုကွန်ရက်အခြေခံအဆောက်အအုံတည်ဆောက်ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကို အထောက်အပံ့ပြုရန်
  • သတင်းအချက်အလက်နှင့် ကွန်ပြူတာလုံခြုံရေးများအတွက် ထိန်းသိမ်းဆောင်ရွက် ပေးရန်
  • ကွန်ပျူတာသုံးစွဲမှုမြှင့်တင်နိုင်ရေးနှင့်ပတ်သက်သည့် အစီအမံအသစ်များအတွက် ပြင်ဆင် ဆောင်ရွက်ပေးရန်
  • ဦးစီးဌာနကိုယ်စား သတင်းအချက်အလက်နည်းပညာကိစ္စရပ်များနှင့်ပတ်သက်၍ တာဝန် ယူရန်နှင့် တာဝန်ခံဆောင်ရွက်သွားရန်
  • အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ အီလက်ထရောနစ်အစိုးရစနစ်တည်ဆောက်ရေး စီမံကိန်းများအား အကောင်အထည်ဖော် ဆောင်ရွက်သွားရန်
  • တိကျမှန်ကန်သည့် သတင်းအချက်အလက်အပေါ်အခြေခံ၍ ရင်းနှီးမြှုပ်နှံမှုစီးဝင်စီးထွက်မှု အခြေအနေနှင့် စပ်လျဉ်း၍ လေ့လာသုံးသပ်သွားရန်နှင့် သုတေသနပြုဆောင်ရွက်သွားရန်
  • နိုင်ငံ၏ စီးပွားရေးဝန်းကျင် ပိုမိုကောင်းမွန်စေရန် နိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်းများ ပိုမို ဖွံ့ဖြိုးတိုးတက်စေနိုင်သည့် မူဝါဒများ၊ နည်းလမ်းများ ရှာဖွေဖော်ထုတ်ခြင်းနှင့် အကြံဉာဏ် များပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ အမိန့် ကြော်ငြာစာများနှင့် ညွှန်ကြားချက်များ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်ခြင်း။
  • အာဆီယံဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များပါ ရင်းနှီးမြှုပ်နှံမှု အခန်းနှင့်စပ်လျဉ်းသော ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်ဆွေးနွေးခြင်း။
  • အာဆီယံဆိုင်ရာ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်များပါ ရင်းနှီးမြှုပ်နှံမှု အခန်း အကောင်အထည်ဖော်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း။
  • နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုသဘောတူစာချုပ်ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
  • ဒေသဆိုင်ရာနှင့် နိုင်ငံတကာဆိုင်ရာအဖွဲ့အစည်းများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ ဆောင်ရွက်ခြင်း။ (ASEAN၊ GMS၊ ACMECS၊ BIMSTEC၊ OECD၊ UNCTAD၊ WTO၊ United Nations ၊ ESCAP စသည်ဖြင့်။)
  • နိုင်ငံတကာအဖွဲ့အစည်းများနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး နားလည်မှုစာချွန်လွှာများ ရေးထိုးသည့်ကိစ္စရပ်များ ဆောင်ရွက်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှု အငြင်းပွားမှုဖြေရှင်းရေးနှင့် အကူအညီပေးရေးကိစ္စရပ်များဆောင်ရွက်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ဆိုင်ရာတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်ခြင်း။
  • မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေး မှတ်တမ်းများအား အချိန်နှင့် တပြေးညီ ထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခြင်း။
  • ကော်မရှင်ခွင့်ပြုမိန့်(မူကြမ်း)၊ အတည်ပြုမိန့်(မူကြမ်း) နှင့် ဆုံးဖြတ်ချက် (မူကြမ်း) နှင့် အမိန့်ကြော်ငြာစာ (မူကြမ်း) များအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ကိုက်ညီမှုရှိ-မရှိ တာဝန်ယူစိစစ်ခြင်း။
  • အပတ်စဉ်၊ လစဉ်၊ ၆လပတ်နှင့် နှစ်စဉ်အစီရင်ခံစာများနှင့် ဆောင်ရွက်မည့်လုပ်ငန်း စဉ်များအား ဆောင်ရွက်ခြင်း။
  • ပြည်ထောင်စုလွှတ်တော်မှ မေးမြန်းလာသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မေးခွန်းများကို ဖြေကြားခြင်း။
  • အခါအားလျော်စွာ အထက်အကြီးအကဲမှပေးအပ်သည့်တာဝန်များအား ဆောင်ရွက်ခြင်း။
  • ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စား၍ လာရောက်မေးမြန်း စုံစမ်းကြ သည့် နိုင်ငံခြားသားနှင့် နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်များအား လက်ခံတွေ့ဆုံ၍ မြန်မာနိုင်ငံ ၏ စီးပွားရေးဆိုင်ရာသတင်းအချက်အလက်များနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်းပြောကြားခြင်း။
  • ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ၏ ပို့ကုန်/ သွင်းကုန် လိုင်စင်များ စိစစ် ထုတ်ပေးခြင်း(ရန်ကုန်တိုင်းဒေသကြီး)။
  • အခွန်ဆိုင်ရာကိစ္စရပ်များကို စိစစ်ခြင်း၊ တိုင်ပင်ဆွေးနွေးခြင်းနှင့် စည်းကြပ်မှုဆိုင်ရာ ကိစ္စများ ဆောင်ရွက်ပေးခြင်း။
  • အကောက်ခွန်ရှင်းလင်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် ရုံးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း။
  • နိုင်ငံခြားသားကျွမ်းကျင်သူများ၊ အတတ်ပညာရှင်များ ခန့်ထားခွင့်ရရှိရေး ဆောင်ရွက် ပေးခြင်း။
  • ပြည်ဝင်ခွင့် ဗီဇာရရှိရေး၊ ပြည်တွင်းနေထိုင်ခွင် ရရှိရေး ဆောင်ရွက်ပေးခြင်း၊ ဗီဇာသက်တမ်း တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ အားစိစစ်ဆောင်ရွက်ပေးခြင်း။
  • ရင်းနှီးမြှုပ်နှံမှုနှင့် ဆက်စပ်၍ ဌာနအလိုက်ထုတ်ပေးရမည့် လိုင်စင်များ၊ ခွင့်ပြုမိန်များ စိစစ်ထုတ်ပေးခြင်း။
  • အလုပ်သမားမှတ်ပုံတင်ခွင့် ဆောင်ရွက်ခြင်း။
  • စက်မှုလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များညှိနှိုင်းဆောင်ရွက်ပေးခြင်း။