နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

မြန်မာ-နော်ဝေ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ နော်ဝေနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာ ၁၉၅၆ ခုနှစ်တွင် စတင်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံသံရုံးကို ရန်ကုန်မြို့၌ ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပါသည်။

မြန်မာနိုင်ငံနှင့် နော်ဝေနိုင်ငံတို့အကြား ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည် မှုစာချွန်လွှာ 

၂။ နော်ဝေဘုရင်မင်းမြတ်၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အတွင်း Memorandum of Understanding between the Government of the Kingdom of Norway and the Republic of the Union of Myanmar concerning Development Cooperation ကို ယခင် အမျိုးသား စီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် နော်ဝေနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးတို့က ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးခဲ့ကြ ပါသည်။ 

၃။ အဆိုပါနားလည်မှုစာချွန်လွှာအရ နော်ဝေနိုင်ငံသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနှင့် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်များ၊ သဘာဝအရင်းအမြစ်များ၊ စွမ်းအင်နှင့် သဘာဝ ပတ်ဝန်းကျင်/ရာသီဥတုပြောင်းလဲမှုများကို ရေရှည်ကောင်းမွန်စေရန် စီမံခန့်ခွဲခြင်းနယ်ပယ်များတွင် အဓိကပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ 


Oil for Development (OfD) Programme 

၄။ နော်ဝေနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Norwegian Agency for Development Cooperation-Norad) ၏ အကူအညီဖြင့် Oil for  Development (OfD) Programme: Sustainable Development and Management of The Petroleum Sector in the Republic of the Union of Myanmar (2017-2022)အရ အဓိကဆောင်ရွက်သွားမည့်ကဏ္ဍ  (၄)  ခုမှာ -  (က) Resource Management (ခ) Safety Management (ဂ) Revenue Management (ဃ) Environmental Management  တို့ဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့နှင့်   ရေနံထွက်ပစ္စည်းများ ဆိုင်ရာဉပဒေနှင့် နည်းဉပဒေများရေးဆွဲခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံအတွက် ထိခိုက်နစ်နာမှု မဖြစ်စေရန် ရငွေ၊ သုံးငွေများစီမံထားရှိပုံကို ပိုမိုသိရှိနိုင်ရန် Workshop များ၊ Seminar များကျင်းပခြင်း၊ Citizen Budget နှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များ စီမံခန့်ခွဲရေးအတွက် ဉပဒေ မူဘောင်များ ရေးဆွဲထုတ်ပြန်ရန် ဆွေးနွေးညှိနှိုင်းခြင်း၊ အမျိုးသား အဆင့်ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (National Contingency Plan for Marine Pollution) ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည်တို့ကို သက်ဆိုင်ရာဌာနများနှင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။