နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

မြန်မာ-သြစတြေးလျ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ခြင်း

၁။ ဩစတြေးလျနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာ ၁၉၅၃ ခုနှစ်တွင် စတင်ခဲ့ ပါသည်။ 

မြန်မာနိုင်ငံနှင့် ဩစတြေးလျနိုင်ငံတို့အကြား နိုင်ငံအချင်းချင်းဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာနားလည်မှုစာလွှာ 

၂။ သြစတြေးလျနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံအစိုးရတို့အကြား နိုင်ငံအချင်းချင်းဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာလွှာကို နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် သြစတြေးလျနိုင်ငံ၊ Australian Agency for International Development (AusAID) မှ ညွှန်ကြားရေးမှူးချုပ်တို့က ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ ပါသည်။

၃။ ယင်းစာလွှာအရ သြစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံ၏ ဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးနှင့်လူမှုရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာတွင် အထောက် အကူပေးမည် ဖြစ်ပါသည်။ 

အဓိကဉီးစားပေးထောက်ပံ့သည့်နယ်ပယ်များ

၄။ သြစတြေးလျအစိုးရသည် Department of Foreign Affairs and Trade (DFAT) နှင့် သြစတြေးလျသံရုံးတို့မှတစ်ဆင့် ပညာရေး၊ ငြိမ်းချမ်းရေး၊ အုပ်ချုပ်မှု၊ လူသားချင်းစာနာ ထောက်ထား မှုဆိုင်ရာ အကူအညီ၊ အားလုံးပါဝင်သော စီးပွားရေးတိုးတက်မှု၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး၊ စီမံခန့်ခွဲမှု နှင့် စိုက်ပျိုးရေး စသည့်ကဏ္ဍများတွင် အဓိကထား၍ နိုင်ငံခြားပညာသင်ဆုများ နှစ်စဉ်ထောက်ပံ့ ပေးလျက်ရှိပါသည်။ ထို့ပြင်လူ့စွမ်းအားအရင်းအမြစ်တိုးတက်ရေးကို ရည်ရွယ်၍ Australia Volunteers for International Development (AVI) အစီအစဉ်မှတစ်ဆင့် Volunteer များအား သက်ဆိုင်ရာဌာန များသို့ စေလွှတ်ပေးလျက်ရှိပါသည်။