ကော်မရှင်သတင်းများ

၁၀-၁-၂၀၂၀

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၁) ဦး တက်ရောက်ကြပါသည်၊၊



အစည်းအဝေးတွင် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာ အုပ်စုတွင် ရင်းနှီးမြှုပ်နှံမည့် ၁၃၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းအပါ အဝင် အခြားကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဟိုတယ်ကဏ္ဍတို့မှ လုပ်ငန်း (၆)ခု ခွင့်ပြုခဲ့ပါသည်၊၊ အဆိုပါ လုပ်ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၂၅၇.၈၂) သန်းနှင့် ကျပ် (၆၀,၂၂၈.၃၀) သန်း ရှိပြီး ပြည်တွင်း လုပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း (၁,၃၁၇) နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်ပါသည်၊၊



၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ဖြစ်ပါသည်၊၊ နိုင်ငံပေါင်း (၅၀)မှ စီးပွား ရေးကဏ္ဍ (၁၂) ခုတွင် အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ (၂၇.၀၄%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံ မှု၏ (၂၆.၁၅%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၁၄.၀၁%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။