ကော်မရှင်သတင်းများ


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)အပါအဝင်ရက်သတ္တပတ် အတွင်း  ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။


 အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် သတင်းထုတ်ပြန်ချက် (၁/ ၂၀၂၀) အား ဖြန့်ဝေခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုမိန့်၊ အတည် ပြုမိန့် ထုတ်ပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အချက်အလက်များအား ရှင်းလင်း ပြောကြားခဲ့ပါသည်။


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ ပြောကြားရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုအစည်းအဝေး အမှတ်စဉ် (/ ၂၀၂၀) အပါအဝင် ရက်သတ္တပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆိုပြုလုပ်ငန်း ()ခု၊ အတည်ပြုလုပ်ငန်း (၁၇)ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ (၃၁၀.၄၅၁) သန်း ကို ခွင့်ပြု/ အတည်ပြုပေးခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့် အလမ်းပေါင်း (၁၀,၁၀၂)ဦး ကို ဖန်တီးပေးမည် ဖြစ်ပါကြောင်း၊ ခွင့်ပြုခဲ့သည့် လုပ်ငန်းများအနက် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရာနှုန်းပြည့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ် ခြင်း လုပ်ငန်းအား ဆောင်ရွက်သွားမည့် ဟောင်ကောင်အခြေစိုက် CNTIC VPower KY3 Limited လည်း ပါဝင်ပါကြောင်း၊ အဆိုပါလုပ်ငန်းမှ လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၆၅၈.) သန်း ထုတ်လုပ် နိုင်မည်ဖြစ်ပြီး ရာခိုင်နှုန်းပြည့် ပြည်တွင်း၌ အသုံးပြုသွားမည်ဖြစ်ပြီး၊ ၂၀ ရာခိုင်နှုန်းအား ရခိုင်ပြည်နယ်ရှိ ပြည်သူလူထုများထံသို့ ဖြန့်ဖြူးမည်ဖြစ်ကာ ကျန်ရှိသည့် ၈၀ ရာခိုင်နှုန်းကိုသာ မဟာဓါတ်အားလိုင်းသို့ ဖြန့်ဖြူးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်လက်၍ အတွင်းရေးမှူးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ () ရက်နေ့မှ ဇန်နဝါရီလ (၁၀) ရက်နေ့ အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (,၅၄၆.၉၄) သန်း ဖြစ်ပါကြောင်းနှင့်  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုခွင့်ပြု/ အတည်ပြုပေးခဲ့မှုမှာ အမေရိကန်ဒေါ်လာ (၁၂၈.၄၀၀) သန်း အပါအဝင် ကျပ် (၇၁၆,၄၅၁.၂၈၄) သန်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ထို့နောက် တက်ရောက်လာသော သတင်းမီဒီယာများမှ သိရှိလိုသည်များကို မေးမြန်းကြပြီး မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်မှ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ပါသည်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်သောနိုင်ငံများမှာ စင်ကာပူနိုင်ငံ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဟောင်ကောင်နှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်ပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားရှိမှုမှာ ရေနံနှင့် သဘာဝဓါတ်ငွေ့ ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၂၇.၀၄%) ဖြင့်လည်းကောင်း၊ လျှပ်စစ်ကဏ္ဍတွင်  စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ (၂၆.၁၅%) ဖြင့် လည်းကောင်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ (၁၄.၀၁%) ဖြင့် လည်းကောင်း ရင်းနှီးမြှုပ်နှံထားပါသည်။


အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ပြည်တွင်း ပြည်ပ သတင်းမီဒီယာ (၁၀) ခုမှ သတင်းထောက် (၁၂)ဦး တက်ရောက်ခဲ့ကြပြီး သတင်းမှတ်တမ်း ရယူခဲ့ကြပါသည်။