ကော်မရှင်သတင်းများ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၁၉) ကြိမ်မြောက် အစည်းအဝေးအား ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အစည်းအဝေးသို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာသန်းမြင့်နှင့် အဖွဲ့ဝင် (၁၀)ဦး တက်ရောက်ကြပါတယ်။ အစည်းအဝေးတွင် မွေးမြူရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားကဏ္ဍ၊ အခြားဝန်ဆောင်မှုကဏ္ဍနှင့် သတ္တုကဏ္ဍတို့မှ လုပ်ငန်းစုစုပေါင်း (၆) ခု ခွင့်ပြုခဲ့ပါတယ်။ အဆိုပါလုပ် ငန်းများ၏ ရင်နှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၁၄၇.၉၀၃) သန်းနှင့် ကျပ်သန်း (၂,၀၀၀) ရှိ ပြီး ပြည်တွင်း လုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း(၁,၀၈၃)နေရာကို ဖန်တီးပေး နိုင်မည်ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဩဂုတ်လကုန်အထိ နိုင်ငံပေါင်း (၅၀)တို့မှ စီးပွားရေ:လုပ်ငန်းပေါင်း ၁၈၀၆ ခု၊စုစုပေါင်းအမေရိကန်ဒေါ်လာ  US$ 81,597.743  ထိခွင့်ပြုနိုင်ခဲ့ပါတယ်။


Oil & Gas ကဏ္ဍ မှာ ၂၇.၄၈% ထိပါဝင်ခဲ့ပြီး၊ကုန်ထုတ်လုပ်မူ ကဏ္ဍမှာ ၂၅.၉၅% နှင့်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုစုစုပေါင်းခွင့်ပြုပမာဏမှာ ၁၄.၀၁% ထိရောက်ရှိခဲ့ပါသည်။