ကော်မရှင်သတင်းများ

တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းဖွင့်ပွဲအခမ်း အနားနှင့် ၂၀၁၉ ခုနှစ် ပထမအကြိမ် တရုတ်-မြန်မာစီးပွားရေးစင်္ကြံရင်းနှီးမြှုပ်နှံမှု ထိပ်သီးအခမ်းအနားအား ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်၌ ယနေ့ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌဦးသောင်းထွန်း၊  ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးဟောင်း Mr. Guan Mu၊ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်းမှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးသောင်းထွန်းနှင့် အခြားဆွေးနွေးပြောကြားသူများမှ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုမြှင့်တင်ရေးအသင်း၏ ရည်ရွယ်ချက်နှင့်အညီ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာလာမည်ဟု ယုံကြည်ပါသည်။