ကော်မရှင်သတင်းများ


နေပြည်တော်၊ မေ ၁၈


ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း သည် ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၈ ရက် (တနင်္လာနေ့) မွန်းလွဲပိုင်း၌ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ရှင်းလင်းတင်ပြခဲ့ပါသည်။