DICA သတင်းများ

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၇/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဉက္ကဋ္ဌ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ကော်မတီအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ မြန်မာငွေကျပ်သန်း ၄၀၀ တန်ဖိုး ရှိသော မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုကို အတည်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းမှ အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၃၁ ဦး ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

 အဆိုပါအစည်းအဝေးတွင် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီက စိုက်ပျိုးရေးကဏ္ဍတွင် ပါဝင် သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မြေကိစ္စနှင့် စပ်လျဉ်း၍ ဆက်စပ်သည့် ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ကူညီပေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။