ပြင်ပသတင်းများ

မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Pan Sorasak တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်မှု မူဘောင် ပိုမိုတောင့်တင်းခိုင်မာ၍ ကျယ်ပြန့်စေရန် ကတိကဝတ်များအား ထပ်လောင်း အတည်ပြုခဲ့ကြောင်း သတင်းဖော်ပြချက်အား ကမ္ဘောဒီးယားနိုင်ငံ၊ Khmer Times သတင်းမီဒီယာမှ ၂၀၂၂ ခုနှစ်၊ မေလ  ၂၀ ရက်နေ့တွင် အောက်ပါအတိုင်း ရေးသားဖော်ပြထားပါသည်-
•    မြန်မာနိုင်ငံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် ကမ္ဘောဒီးယားနိုင်ငံ ကုန်သွယ်ရေးဝန်ကြီး Pan Sorasakတို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု မူဘောင် ပိုမို တောင့်တင်း ခိုင်မာ၍ ကျယ်ပြန့်စေရန် ကတိကဝတ် များအား ထပ်လောင်း အတည်ပြုခဲ့ကြောင်း၊
•    ဝန်ကြီးများသည် မေလ ၁၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ၌ ကျင်းပခဲ့သော အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေးအား အခြေပြု၍ တွေ့ဆုံခဲ့ကြောင်း၊
•    ဝန်ကြီးများသည် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများအား အာဆီယံနှင့်နှစ်နိုင်ငံတို့အကြား တောင့်တင်းခိုင်မာစေရန်နှင့် ကျယ်ပြန့်စေရန် ကတိကဝတ်ပြုခဲ့ကြောင်း၊
•    ဝန်ကြီး Sorasak သည် ဝန်ကြီး ဦးအောင်နိုင်ဦးအား ၂၀၂၂ ခုနှစ်၊ အာဆီယံ စီးပွားရေးဝန်ကြီးများ အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်နေသည့် ကမ္ဘောဒီးယားနိုင်ငံအား ပံ့ပိုးပေးခြင်းနှင့် နှစ်နိုင်ငံ ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ခြင်း တို့အတွက်   လှိုက်လှဲစွာ ကြိုဆိုပါကြောင်းနှင့် ကျေးဇူးတင်ရှိပါကြောင်း၊
•    စီးပွားရေး ပြန်လည်ဦးမော့လာစေရန်နှင့် ကုန်သွယ်မှု ပမာဏတိုးမြင့်လာစေရန် ရည်ရွယ်လျက် ဒေသတွင်းနှင့် နှစ်နိုင်ငံ မူဘောင်များတွင် ကုန်သွယ်ရေးနှင့် စီးပွား‌ရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း၊
•    ဝန်ကြီး ဦးအောင်နိုင်ဦးမှ ကမ္ဘောဒီးယားနိုင်ငံအား တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့နှင့် နှစ်နိုင်ငံ လွတ်လပ်သော ကုန်သွယ်မှု သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် အောင်မြင်စွာ ဆွေးနွေးနိုင်မှုအပေါ် ချီးကျုး ဂုဏ်ပြုခဲ့ကြောင်း။