နောက်ခံသမိုင်းကြောင်း
နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရာ၌ စီးပွားရေးလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်နှင့် ပြည်ပငွေကြေးအကူအညီ၊ နည်းပညာ အထောက်အပံ့၊ တရားဝင် ဖွံ့ဖြိုးမှု အထောက်အပံ့ချေးငွေ၊ ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှု တို့ကို ဟန်ချက်ညီညီ ပူးပေါင်း ဆောင်ရွက်သွားရန် ရည်ရွယ်၍ ယခင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၈၇/၂၀၁၈)ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။
ရည်ရွယ်ချက်
ပြည်ထောင်စုဝန်ကြီးရုံး
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးကို အောက်ပါ ဌာနခွဲများဖြင့် ဖွဲ့စည်းထားပါသည်-
မျှော်မှန်းချက်
တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရန်နှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်း ဆောင်ရွက်မှု လွယ်ကူချောမွေ့စေရန်