နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

မြန်မာ-ဖင်လန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ဖင်လန်-မြန်မာ သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ ဖင်လန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာ ၁၉၅၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့တွင် စတင်ခဲ့ပါသည်။


Finland-Myanmar Development Cooperation Strategy (2015-2024)

၂။ Finland-Myanmar Development Cooperation Strategy (2015-2024) ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်အကောင်အထည်ဖော်ခဲ့ပါသည်။

၃။ အဆိုပါ Cooperation Strategy အရ ဖင်လန်နိုင်ငံသည် ဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် တရားဥပဒေစိုးမိုးရေး၊ သဘာဝပတ်ဝန်းကျင်နှင့် အရင်းအမြစ်များ စီမံခန့်ခွဲရေးကဏ္ဍနှင့် ပညာရေး ကဏ္ဍတို့တွင် အဓိကထား၍ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှတစ်ဆင့် မြန်မာနိုင်ငံသို့ ကူညီ ထောက်ပံ့မှုများ ပေးအပ်လျက်ရှိပါသည်။


မြန်မာ-နယူးဇီလန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ

၁။ နယူးဇီလန်နိုင်ငံ နှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးကို ၁၉၅၈ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စတင်ခဲ့ပါသည်။

၂။ မြန်မာနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် Myanmar-New Zealand Joint Commitment for Development Cooperation (2017-2021) ကို လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါ ပူးတွဲ ကတိကဝတ်ပြုချက်အရ နယူးဇီလန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ Agriculture၊ Renewable Energy၊ Knowledge and Skills နှင့် Disaster Risk Management ကဏ္ဍများတွင် ဖွံ့ဖြိုးမှုပူးပေါင်းဆောင်ရွက်ရေးကို ဦးစားပေး ဆောင်ရွက်ပါသည်။

၃။ နယူးဇီလန်နိုင်ငံအနေဖြင့် အဆိုပါဦးစားပေးနယ်ပယ်များအတွက် ဖွံ့ဖြိုးမှုရန်ပုံငွေများ ထောက်ပံ့ခြင်း၊ ပိုမိုကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာစေရေးနှင့် စီမံချက်များ ထပ်နေခြင်း မရှိစေရေးအတွက် အခြားဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ ပညာသင်ဆုများနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများ ပေးအပ်ပါသည်။

မြန်မာ-အီတလီ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ

၁။ မြန်မာနိုင်ငံနှင့် အီတလီနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သံတမန်ဆက်ဆံရေး စတင်ထူထောင်ခဲ့ပါသည်။


အဓိကဦးစားပေးနယ်ပယ်များ

၂။ အီတလီနိုင်ငံသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓါတ်အား ရရှိရေး၊ မြို့ပြအမွေအနှစ်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သဘာဝသယံဇာတထိန်းသိမ်းရေးနယ်ပယ်များတွင် ချေးငွေနှင့် နည်းပညာအကူအညီများ ပေးအပ်လျက်ရှိပါသည်။

၃။ ထို့အပြင် အီတလီနိုင်ငံအစိုးရသည် Italian Agency for Development Cooperation (AICS) မှတစ်ဆင့် မြန်မာနိုင်ငံ၌ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု မြှင့်တင်ရေး၊ လူမှုစွမ်းဆောင်ရည် မြှင့်တင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေးနှင့် စီမံခန့်ခွဲရေးအစရှိသည့် ကဏ္ဍများကို ဦးစားပေး ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။