နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

အီတလီ-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ မြန်မာနိုင်ငံနှင့် အီတလီနိုင်ငံသည် ၁၉၅၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ပါသည်။

အဓိကဉီးစားပေးနယ်ပယ်များ

၂။ အီတလီနိုင်ငံသည် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လျှပ်စစ်ဓါတ်အား ရရှိရေး၊ မြို့ပြအမွေအနှစ်ထိန်းသိမ်းရေး၊ ဖွံ့ဖြိုးမှုမိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး၊ သဘာဝသယံဇာတထိန်းသိမ်းရေးနယ်ပယ်များအား  ချေးငွေနှင့်နည်း ပညာအကူအညီများပေးအပ်လျက်ရှိပါသည်။

အီတလီနိုင်ငံ၏ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့်စီမံချက်များ

၃။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ကမ္ဘာ့ဘဏ်နှင့်ပူးပေါင်း၍ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက် သည့် လူထုဗဟိုပြုစီမံကိန်းသို့ အီတလီနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရို သန်း (၂၀) ထည့်ဝင် ဆောင်ရွက်ခဲ့ပါသည်။

၄။ ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနက အီတလီနိုင်ငံမှ အတိုးမဲ့ချေးငွေ ယူရို သန်း (၃၀) ရယူဆောင်ရွက်မည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (National Electrification Project: Off-Grid Component NEP-IT) အတွက် Financing Agreement ကို ၂၃-၅-၂၀၁၉ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး လုပ်ငန်း များအား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။