နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

လူဇင်ဘတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ မြန်မာနိုင်ငံနှင့် လူဇင်ဘတ်နိုင်ငံသည် ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့တွင် သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ပါသည်။

Luxembourg Agency for Development Cooperation (Lux Dev) နှင့် ပူးပေါင်းဆောင်ရွက်မှု

၂။ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် လူဇင်ဘတ်ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Luxembourg Agency for Development Cooperation-Lux Dev) တို့အကြား ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် Vocational Training in Tourism and Hospitality စီမံချက်ကို ၂၀၁၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ လူဇင်ဘတ်နိုင်ငံမှ အကူအညီ ယူရို ၈.၅ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၃။ ထို့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီ ယူရို (၁၀) သန်းဖြင့် စီမံချက် လုပ်ငန်းများအား ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။