နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

ပိုလန်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

ပိုလန်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ မြန်မာနိုင်ငံနှင့် ပိုလန်နိုင်ငံသည် ၁၉၅၅ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် သံတမန် ဆက်ဆံ ရေး စတင်ထူထောင်ခဲ့ပါသည်။


မြန်မာ-ပိုလန် နှစ်နိုင်ငံ ဆွေးနွေးပွဲများ ကျင်းပခြင်း

၂။ မြန်မာ-ပိုလန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများအနေဖြင့် ယခင်အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ပိုလန်သံရုံးတို့ပူးပေါင်း၍ ပထမအကြိမ် ဆွေးနွေးပွဲကို "Workshop on Polish Economic Reforms to Myanmar" ခေါင်းစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ ဇူလိုင်လတွင်လည်းကောင်း၊ ဒုတိယအကြိမ် ဆွေးနွေးပွဲကို "From Central Planning to Market" ခေါင်းစဉ်ဖြင့် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလတွင်လည်းကောင်း၊ တတိယအကြိမ်အဖြစ် "From Central Planning to Market" စာအုပ်မိတ်ဆက်ပွဲ နှင့် ရှင်းလင်းတင်ပြခြင်းဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အရာထမ်းများနှင့် ကျွမ်းကျင်ပညာရှင်များ တက်ရောက်ခဲ့ပါသည်။