နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

မြန်မာ-နယ်သာလန် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာ ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် စတင်ခဲ့ပါသည်။ 


အဓိကပူးပေါင်းဆောင်ရွက်မှုများ

၂။ နယ်သာလန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား Memorandum of Understanding on Cooperation in the field of Agriculture, Food Safety, Livestock, Fisheries and Farmer’s Organizations ကို ၂၀၁၅ ခုနှစ် မေလ ၁၉ ရက်နေ့တွင် နယ်သာလန်နိုင်ငံ၊ လယ်ယာစိုက်ပျိုးရေး ဝန်ကြီးနှင့် ယခင်အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တို့က လက်မှတ်ရေးထိုးခဲ့ပြီး စီမံချက်လုပ်ငန်းအသီးသီးအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

၃။ အဆိုပါ MoU အရ နယ်သာလန်နိုင်ငံက မြန်မာနိုင်ငံကျေးလက်နေပြည်သူများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေးကဏ္ဍများတွင် ရေရှည်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။