နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု

ဆွစ်ဇာလန်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးစတင်ခြင်း

၁။ ဆွစ်ဇာလန်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေးမှာ ၁၉၅၇ ခုနှစ်တွင်  စတင်ခဲ့ ပါသည်။ ဆွစ်ဇာလန်နိုင်ငံသည် Swiss Agency for Development and Cooperation (SDC)၊ SWISS AID၊ Swisscontact၊ ကုလသမဂ္ဂနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများ၊ NGO နှင့် CSO များ ၊ LIFT (Livelihood  and Food Security Fund) ၊ JPS (Joint Peace Fund)၊ MHF (Myanmar Humanitarian Fund) စသည့် Multi - Donor Trust Fund တို့မှတစ်ဆင့် မြန်မာနိုင်ငံသို့ အကူအညီများ ပေးအပ်လျက်ရှိပါသည်။ 

ဆွစ်ဇာလန်-မြန်မာ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ

၂။ ၂၀၁၂ ခုနှစ်မှစ၍ ဆွစ်ဇာလန်နိုင်ငံသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (၂၀၁၃-၂၀၁၇) ကိုရေးဆွဲ၍ ဖွံ့ဖြိုးမှုအကူအညီ (CHF 179m) ပေးအပ်ခဲ့ပါသည်။ 

၃။ မဟာဗျူဟာတွင် ပါဝင်သည့်အဓိကလုပ်ငန်းစဉ်များမှာ အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေး ဝမ်းကျောင်းလုပ်ငန်း ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှုများနှင့် ဒေသန္တရအုပ်ချုပ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတို့ဖြစ်ပါသည်။ ဆွစ်ဇာလန်နိုင်ငံ၏ ထောက်ပံ့မှုများသည် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသများတွင် အဓိကထားဆောင်ရွက်လျက်ရှိပါသည်။

Memorandum of Understanding on Dialogue on Economic, Investment, Labor and Trade Matters

၄။ မြန်မာနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့အကြား Memorandum of Understanding on Dialogue on Economic, Investment, Labor and Trade Matters ကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် ယခင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် State Secretary, Federal Department of Economic Affairs, Education and Research of the Swiss Confederation တို့က လက်မှတ်ရေးထိုးခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာဆွေးနွေးပွဲကို မြန်မာနိုင်ငံနှင့် ဆွစ်ဇာလန်နိုင်ငံတို့တွင် အလှည့်ကျကျင်းပခဲ့ရာ တတိယအကြိမ် ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကျင်းပခဲ့ပါသည်။