သတင်းများ

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ဘူလိုချ် နိကော့်ဗ် အန်နာတိုလီ မီခေးလ်လိုဗစ်ချ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

                 အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ မစ္စတာ ဘူလိုချ် နိကော့်ဗ် အန်နာတိုလီ မီခေးလ်လိုဗစ်ချ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက် (တနင်္လာနေ့) ၊ နံနက် ၀၉၀၀ နာရီအချိန်တွင် ရုံးအမှတ် (၁) ၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

              ထိုသို့တွေ့ဆုံစဉ်  မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာ ချုပ်ဆိုထားရှိမှုအခြေအနေများ၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာ စေရေးအတွက် ဦးစားပေးမြှင့်တင်မည့်ကဏ္ဍများနှင့် နယ်ပယ်များ၊ ကင်းလွတ်ခွင့်နှင့် သက်သာခွင့် ပြုနိုင်မှုများအား ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားရှိမှု အခြေ အနေများ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍ လွယ်ကူချောမွေ့စေရေးနှင့် အကာအကွယ် ပေးရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

          အဆိုပါတွေ့ဆုံမှုသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်းမှ အဖွဲ့ဝင်များ တက်ရောက်ကြသည်။