ပြင်ပသတင်းများ

(၂၉-၄-၂၀၂၀ ရက်၊ ဆိုးလ်)


ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်အား ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် Industrial Bank of Korea (IBK) ၏ Vice President & Managing Director ဖြစ်သူ Mr. Kim Hyung-Il ဦးဆောင်သောအဖွဲ့နှင့် KB Kookmin Bank မှ Global Supporting Division ၏ အကြီးအကဲ Mr. Kim Hyeun Jong ဦးဆောင်အဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။


ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ COVID-19 ရောဂါ စမ်းသပ်ရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန် IBK ဘဏ်မှ အမေရိကန်ဒေါ်လာ ၈၁,၅၉၃ တန်ဖိုးရှိ လူဦးရေ ၃,၀၀၀ ကို စစ်ဆေး ပေးနိုင်မည့် COVID-19 Detection Kit နှင့် Viral Transport Medium (VTM) ၅,၀၀၀ ခု တို့ကိုလည်းကောင်း၊ KB Kookmin Bank မှ အမေရိကန်ဒေါ်လာ ၇၅,၂၄၀ တန်ဖိုးရှိ လူဦးရေ ၃,၀၀၀ ကို စစ်ဆေး ပေးနိုင်မည့် COVID-19 Detection Kit နှင့် Viral Transport Medium (VTM) ၃,၀၀၀ ခုတို့ကိုလည်းကောင်း လှူဒါန်းသည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်ခဲ့ပြီး သံအမတ်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။