သတင်းများ

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer နှင့်အဖွဲ့အား ၂၀၂၅ ခုနှစ်၊ ဧပြီ ရက်၊ နံနက် ၀၉ ၀၀ နာရီတွင်လည်းကောင်း၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Titon Mitra နှင့်အဖွဲ့အား နံနက် ၁၁၀၀ နာရီတွင် လည်းကောင်း နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် () လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် လတ်တလောကြုံတွေ့ခဲ့ရသည့် ငလျင်ဒဏ်သင့်ပြည်သူ များအတွက် UNOPS မှ အကူအညီပေးရေးကိစ္စများနှင့် UNDP ၏ အရေးပေါ်တုံ့ပြန်မှုအစီအစဉ်တို့နှင့် စပ်လျဉ်း၍ အဓိကဆွေးနွေးခဲ့ပါသည်

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အဆင့်မြင့်အရာရှိများ၊ UNOPS နှင့် UNDP တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။