ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ “Sberbank” ၏ အိန္ဒိယဘဏ်ခွဲမှ ဒုတိယ မန်နေဂျင်းဒါရိုက်တာ မစ္စတာ အန်ဒရီ အာနီစီမော့စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့ (အင်္ဂါနေ့) တွင် ရုံးအမှတ် (၁)၊ နေပြည်တော်၌ လက်ခံတွေ့ဆုံ ခဲ့သည်။ ထိုသို့တွေ့ဆုံစဉ် မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများ အတွက် ငွေပေးချေမှုလွယ်ကူချောမွေ့စေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအကြား ငွေကြေးလွှဲပြောင်းမှု နည်းလမ်းများနှင့် ငွေကြေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့သည်။ အဆိုပါတွေ့ဆုံမှုသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများနှင့်တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ “Sberbank” ၏ အိန္ဒိယဘဏ်ခွဲမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ၊ မစ္စတာ အန်ဒရီ အာနီစီမော့စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ