Covid-19 သတင်းများ







နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည့် ပြည်ပကုမ္ပဏီများ အပါအဝင် ပြည်တွင်း/ပြည်ပကုမ္ပဏီ (၂၁)ခုက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နေ့လည်ပိုင်းတွင် ဗွီဒီယို ကွန့်ဖရင့် စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်း၊ အဆင့်မြင့်အရာရှိကြီးများနှင့် အလှူရှင်များ တက်ရောက်ကြပါသည်။

အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းက အလှူငွေပေးအပ်ခြင်းနှင့် ပတ်သက်၍ မိတ်ဆက်စကား ပြောကြားခဲ့ ပါသည်။ ဆက်လက်၍ အလှူရှင်များက Virtual စနစ်ဖြင့် အလှူငွေများကို လှူဒါန်းခဲ့ရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံခဲ့ပါသည်။

ထို့နောက် အလှူရှင်များကိုယ်စား Ooredoo Myanmar Co.,Ltd. က လှူဒါန်းရခြင်း အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်ဂုဏ်ပြုစကား ပြန်လည် ပြောကြားခဲ့ပါသည်။

လှူဒါန်းမှု အခမ်းအနားတွင်-

• Ooredoo Myanmar Co.,Ltd. က အမေရိကန်ဒေါ်လာ ၂၅,၀၀၀၊
• MPRL E&P Group of Companies က ငွေကျပ် သိန်း ၂၁၀၊
• MPRL E&P Pte Co.,Ltd. က ငွေကျပ် သိန်း ၉၀၊
• Wilmar Myanmar Co.,Ltd. က ငွေကျပ် သိန်း ၁၃၀၊
• Marga Landmark က ငွေကျပ် သိန်း ၁၀၀၊
• Grand Royal Group International Co.,Ltd. က ငွေကျပ် သိန်း ၅၀၊
• Pathein Industrial City က ငွေကျပ် သိန်း ၅၀၊
• Mother Group of Companies က ငွေကျပ် သိန်း ၅၀၊
• Super Seven Star က ငွေကျပ် သိန်း ၅၀၊
• Myanmar Women Entreperneurs Network (MYANWEN)က ငွေကျပ် သိန်း ၅၀၊
• Myanmar Cosmetic Association က ငွေကျပ် သိန်း ၅၀၊
• Europe & Asia International Co.,Ltd. က ငွေကျပ် သိန်း ၂၀၊
• High Energy Co.,Ltd. က ငွေကျပ် သိန်း ၂၀၊
• TA-FA Trading Co.,Ltd. က ငွေကျပ် သိန်း ၂၀၊
• Medi Myanmar Group Co.,Ltd. က ငွေကျပ် ၁၀ သိန်း၊
• Earth Group of Companies က ငွေကျပ် ၁၀ သိန်း၊
• Paing Family International Co.,Ltd. က ငွေကျပ် ၁၀ သိန်း၊
• Treasure Link Co.,Ltd. က ငွေကျပ် ၁၀ သိန်း၊
• SP Bakery Family က ငွေကျပ် ၁၀ သိန်း၊
• Deco-Land Co.,Ltd. က ငွေကျပ် ၁၀ သိန်း၊
• Khin Maung Nyunt Trading Co.,Ltd. က ငွေကျပ် ၁၀ သိန်း တို့ကို အသီးသီး ပေးအပ်လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။

စုစုပေါင်းလှူဒါန်းငွေမှာ ကုမ္ပဏီ ၂၁ ခုမှ အမေရိကန်ဒေါ်လာ ၂၅၀၀၀ နှင့် ငွေကျပ် သိန်း ၉၆၀ ဖြစ်ပါသည်။