၀န်ကြီးဌာနသတင်းများ

အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကျော်ဟိုး သည် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (United Nations Development Programme- UNDP) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အသစ်ဖြစ်သူ Mr. Norimasa Shimomura အား ယနေ့ နံနက်ပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။

ထို့သို့တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် UNDP မှ လက်ရှိ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းအစီအစဉ်များ၊ နိုင်ငံတော်အစိုးရ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့်  လူ့စွမ်းအားအရင်း အမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများတွင်  UNDP အနေဖြင့်  ပေါင်းစပ်ဆောင်ရွက်ပေး နိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနမှ အဆင့်မြင့် အရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ UNDP ရုံးမှ ကိုယ်စားလှယ်တို့ တက်ရောက်ကြောင်း သတင်းရရှိသည်။