သတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ Chinese Enterprises Chamber Of Commerce in Myanmar (CECCM) က ငလျင်ဘေးသင့်ဝန်ထမ်းများအား စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်းများ လာရောက်ပေးအပ်လှူဒါန်း

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသို့ Chinese Enterprises Chamber Of Commerce in Myanmar (CECCM) မှ အထွေထွေအတွင်းရေးမှူး Mr. Xu Zhenwei နှင့် တရုတ်ပြည်သူသမ္မတနိုင်ငံသံရုံးမှ စီးပွားရေးသံမှူး Mr. Ouyang Daobing တို့က ငလျင်ဘေးသင့် ဝန်ထမ်းများအား စားသောက်ဖွယ်ရာနှင့် လူသုံးကုန်ပစ္စည်း အမျိုးအစား စုစုပေါင်း (၅) မျိုးအား ယနေ့ နံနက်ပိုင်းတွင် ဤဝန်ကြီးဌာန၊ ရုံးအမှတ် (၁) သို့  လာရောက်ပေးအပ်လှူဒါန်းခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် က  မိမိတို့ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများအတွက် လိုအပ်လျက်ရှိသော စောင်၊ ခြင်ထောင်၊ မီးစက် နှင့် စားသောက်ဖွယ်ရာများဖြစ်သော ခေါက်ဆွဲနှင့် သောက်ရေသန့် ပစ္စည်းများ လာရောက်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မကြာမီ မိုးရာသီကာလရောက်ရှိတော့မည် ဖြစ်သည့်အတွက် ဝန်ထမ်းများ အမိုးအကာအောက်ရောက်ရှိစေရေး လိုအပ်သည့်အတွက်  အလွယ်တကူတပ်ဆင်အသုံးပြုနိုင်သည့်အိမ် (Prefabricated Houses ) များ လှူဒါန်းမည်ဆိုပါက  ကြိုဆိုလျက် ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက Chinese Enterprises Chamber Of Commerce in Myanmar (CECCM) က ပေးအပ်လှူဒါန်းသော ထောက်ပံ့ရေးပစ္စည်းများအား လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာအား ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရှိပါသည်။