၀န်ကြီးဌာနသတင်းများ

၂၀၁၈ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် ၈၇/၂၀၁၈ ဖြင့် ဖွဲ့စည်းခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနသည် ယခုအခါ ဖွဲ့စည်းမှုတစ်နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ထိုသို့ ဝန်ကြီးဌာနဖွဲ့စည်းမှု တစ်နှစ်တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လွယ်ကူချောမွေ့စေရန်၊ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းများ ပေါ်ထွန်းစေရန် ရည်ရွယ်ကြိုးပမ်းခဲ့သည်။

ထိုသို့ ဝန်ကြီးဌာနအနေဖြင့် ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေးအတွက် တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့ သည့် အခြေအနေများနှင့် စပ်လျဉ်း၍ အဆိုပါ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။


မေး ပထမဦးဆုံးအနေနဲ့ ဝန်ကြီးဌာနရဲ့ တစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး သိပါရစေ။

ပြည်ထောင်စုဝန်ကြီး ကျွန်တော်တို့ ဝန်ကြီးဌာနက ၂၀၁၈ ခုနှစ် နိုဝင်ဘာလ က စတင်ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။ အခုဆိုရင် တစ်နှစ် သက်တမ်းကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ဦးစီးဌာန နှစ်ခု နဲ့ ဖွဲ့စည်းပြီး လုပ်ငန်းတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA) က ရန်ကုန်မှာ ရုံးစိုက်ပါတယ်။ အဓိက ကတော့ ရင်းနှီးမြှုပ်နှံ မှုတွေအတွက် ကုမ္ပဏီတွေ စတင်တည်ထောင် ရာမှာ လုပ်ငန်းတွေ လွယ်ကူချောမွေ့အောင် ဆောင်ရွက်ပေးရပါတယ်။ ဦးစီးဌာနရဲ့ ရုံးချုပ် က ရန်ကုန်မှာပါ။ တိုင်းဒေသကြီးနဲ့ ပြည်နယ် တွေမှာလည်း ဌာနခွဲတွေရှိပါတယ်။ ပေါင်း လိုက်ရင်တော့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုနဲ့ နေပြည်တော် စုစုပေါင်းဌာနခွဲက ၁၅ ခု ရှိပါတယ်။ DICA မှာက စုစုပေါင်း ဝန်ထမ်း ၄၈၀ လောက်ရှိပါတယ်။ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံးအနေနဲ့ ဝန်ထမ်း ၅၀ လောက် ရှိပါတယ်။

ကျန်တဲ့ ဦးစီးဌာနတစ်ခုဖြစ်တဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန (FERD) ကတော့ နေပြည်တော်မှာ ရုံးစိုက်ပါတယ်။ ဒီဦးစီးဌာန အနေနဲ့က ကျွန်တော်တို့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဖွံ့ဖြိုးတိုးတက် အောင်၊ ဒီလိုတိုးတက်အောင် မူဝါဒတွေ ကောင်းမွန်အောင် ဆွေးနွေးညှိနှိုင်းပေးတာ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေ၊ အာရှဖွံ့ဖြိုး ရေးဘဏ်၊ ကမ္ဘာ့ဘဏ်၊ ဒေသတွင်းမှာရှိတဲ့ GMS တို့၊ အာဆီယံတို့၊ ဘင်းမ်စတက်တို့လို စတဲ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ရပါတယ်။ ဒီဦးစီးဌာနမှာက ဝန်ထမ်း ၁၈၀ လောက်ပဲ ရှိပါတယ်။ စုစုပေါင်း ကျွန်တော်တို့ ဝန်ကြီးဌာနမှာ စုစုပေါင်း ဝန်ထမ်း ၇၁၀ လောက်ပဲ ရှိပါတယ်။ ရှိတဲ့ အင်အားနဲ့ပဲ နိုင်ငံ့ အကျိုးကို ဆောင်ရွက်နိုင်အောင် ကြိုးပမ်း နေပါတယ်။

DICA အနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ကုမ္ပဏီတွေ စတင်တည်ထောင်ရာမှာ လုပ်ငန်းတွေ လွယ်ကူချောမွေ့အောင် လုပ်ငန်း စဉ် အဆင့်တွေ လျှော့ချပေးပြီး ရင်းနှီးမြှုပ်နှံမှု လွယ်ကူအောင် ဆောင်ရွက်ပေးနေပါတယ်။ အခုဆိုရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေ သိလာ ကြပါပြီ။ အွန်လိုင်းစနစ်နဲ့ မှတ်ပုံတင်လုပ်ငန်း တွေ လုပ်နိုင်အောင် ဆောင်ရွက်ပေးနေပါပြီ။ ဒါကြောင့် ကုမ္ပဏီတစ်ခုထူထောင်မယ်ဆိုရင် အွန်လိုင်းကနေတစ်ဆင့် လွယ်လွယ်ကူကူ လုပ်ကိုင်နိုင်နေပါပြီ။ ဒေသတွင်းမှာဆိုရင် လုပ်ငန်းမြန်ဆန် သွက်လက်တဲ့ အဖွဲ့အစည်း အဖြစ် နာမည်ကောင်းတစ်ခုနဲ့ ရပ်တည်နိုင်နေပါပြီ။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ကမ္ဘာ့ဘဏ်က Ease of Doing Business Report ကို ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံ တစ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု လုပ်ဖို့ လွယ်ကူတဲ့ နိုင်ငံတွေစာရင်းဆိုပြီး ကြေညာပါတယ်။ တိုးတက်မှုအရှိဆုံး နိုင်ငံ ၂၀ ထဲမှာ မြန်မာနိုင်ငံက ပါဝင်ခဲ့ပါတယ်။ သဘော ကတော့ ကျွန်တော်တို့ နိုင်ငံအနေနဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီအသေးလေး တွေကအစ အကာအကွယ်ပေးနေတာတွေ ရှိပါတယ်။ Starting a Business လို့ခေါ်တဲ့ လုပ်ငန်းတစ်ခုစတင်တဲ့ အခြေအနေအတွက် မနှစ်က နိုင်ငံပေါင်း ၁၉၀ မှာ ကျွန်တော်တို့ နိုင်ငံအဆင့်က ၁၅၅ ပါ။ ဒီနှစ် ကျတော့ အဆင့် က ၇၀ ဖြစ်လာပါပြီ။ ဆိုလိုတာက အဆင့်က သိသိသာသာ တိုးတက်လာတာကို တွေ့ရပါ တယ်။

Starting a Business အပါအဝင် ကဏ္ဍ ပေါင်း ၁၀ ခုရှိပါတယ်။ ဒီ ၁၀ ခုစလုံးကို စိစစ်တဲ့ အခါ မြန်မာနိုင်ငံက မနှစ်က အဆင့်က ၁၇၁ ပါ။ ဒီနှစ်မှာ အဆင့် ၁၆၅ ဖြစ်လာပြီး တိုးတက် လာပါတယ်။ ဒီလိုတိုးတက် လာတယ်ဆိုပြီး ကျွန်တော်တို့အနေနဲ့ ကျေနပ်နေလို့ မရပါဘူး။ ကျွန်တော်တို့ နိုင်ငံကို ဒီထက် ဒီထက် ရင်းနှီး မြှုပ်နှံမှုတွေ စီးဝင်လာအောင် ကြိုးပမ်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာလည်း ကျွန်တော် တို့က နိုင်ငံမှာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ စီးပွားရေးစနစ်ကို ထူထောင် နေတာဖြစ်ပါတယ်။ အများက MSDP လို့လည်း သိကြပါတယ်။ MSDP ကို အကောင်အထည်ဖော် နိုင်ဖို့အတွက် ကျွန်တော်တို့ ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန(ယခု စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန) ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့၊ စီးပွားရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း ဒီအတွက် ပူးပေါင်း ပြီး ဆောင်ရွက်နေပါတယ်။


မေး ဝန်ကြီးဌာနအနေနဲ့ တစ်နှစ်ကာလ ဖြတ်ကျော်ပြီးတဲ့အချိန်မှာ လုပ်ငန်း တွေပိုပြီး ထိထိရောက်ရောက်ဆောင်ရွက် နိုင်ဖို့အတွက် လုပ်ငန်းနဲ့ ဝန်ထမ်းအခြေအနေ က ဘယ်လိုရှိတယ်ဆိုတာ သိပါရစေ။

ပြည်ထောင်စုဝန်ကြီး တစ်နှစ်တာအတွင်း လုပ်ခဲ့တဲ့ လုပ်ငန်းတွေ အများကြီးလုပ်ခဲ့ပါတယ်။ ဝန်ထမ်း အင်အားက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ၇၀၀ ကျော်ပဲ ရှိပါတယ်။ ရှိတဲ့ဝန်ထမ်း အင်အား နဲ့ လုပ်ငန်းကို ထိရောက်အောင် ကြိုးစားခဲ့ပါ တယ်။ ကြိုးစားတဲ့အတွက် တိုးတက်ခဲ့ပါတယ်။ တိုးတက်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှုက တိုင်းပြည်ကို စီးဝင်လာတာ ဘီလီယံနဲ့ ရှိနေပါတယ်။ ဒီလိုဝင်နိုင်အောင်လို့ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ရပါတယ်။ ပြည်တွင်းမှာကော၊ ပြည်ပမှာပါ ကြိုးပမ်းရပါတယ်။ ပြည်တွင်းဆို ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနဲ့ ရန်ကုန်တိုင်း ဒေသကြီးစတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် တို့မှာ ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွေ ကျင်းပခဲ့ပါတယ်။

ချင်းပြည်နယ်ကတော့ သွားရေးလာရေး ခက်ခဲတော့ ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာလည်း သွား ရောက် ကျင်းပတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ပြည်ပသို့ သွားရောက်ပြီး ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဖို့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီလို တွေ တိုးချဲ့လုပ်ဆောင်ဖို့အတွက် ဝန်ထမ်း အင်အားက လိုလာပါတယ်။ ဖြစ်နိုင်ရင်တော့ ဝန်ထမ်းအင်အား တိုးချဲ့ရမှာပါ။ အခု လောလောဆယ်မှာ အမြဲတမ်းအတွင်းဝန် ရာထူးမရှိလို့ ဖြည့်စွက်ခန့်ထားခဲ့ပါတယ်။

ညွှန်ကြားရေးမှူးချုပ်တွေရဲ့ လစ်လပ်တဲ့ နေရာတွေမှာ ဖြည့်စွက်ခန့်ထားပါတယ်။ အလားတူပဲ ကျန်တဲ့နေရာတွေမှာလည်း ဝန်ထမ်းအပြည့် အဝနဲ့ လုပ်ဖို့ ဖြည့်စွက်သွားမှာပါ။ ဒါမှလည်း သွားချင်တဲ့ ပန်းတိုင်ကို ရောက်မှာဖြစ်ပါတယ်။ အိမ်နီးနားချင်း နိုင်ငံတွေကနေပိုပြီး စိတ်ဝင်စား လာအောင် ကြိုးပမ်းတာလည်း ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ရှင်းလင်း ပြောကြားပြီး ဆွဲဆောင်တာမျိုးရှိပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ထိုင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကိုရီးယား၊ ဂျပန် စသည်ဖြင့် အိမ်နီး နားချင်းနိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

အလားတူပဲ ယူကေ၊ ပြင်သစ်၊ ဂျပန်၊ ဂျာမနီ၊ အီတလီ စတဲ့ နိုင်ငံတွေကို လည်း ကျွန်တော်တို့ နိုင်ငံရဲ့ ပကတိအခြေအနေ အကြောင်းကိုလည်း ရှင်းပြပါတယ်။ စီးပွား ရေး ဝန်းကျင် ဖြစ်ပေါ်တိုးတက်မှုတွေ အခြေ အနေကိုလည်း ပြောပြပါတယ်။ စိတ်ဝင်စား မှုလည်း ရှိပါတယ်။

ဥပမာပြောရရင် ရန်ကုန်က သီလဝါ အထူး စီးပွားရေးဇုန်မှာ ကုမ္ပဏီကြီးတွေ ဝင်လာပါပြီ။ ဂျပန်ကဆိုရင် အများပြည်သူ သိတဲ့ တိုယိုတာ၊ ဆူဇူကီး စတဲ့ ကုမ္ပဏီကြီး တွေပါ။ အဲဒါတွေအပြင် ဆေးဝါး၊ လျှပ်စစ်နဲ့ ဆိုင်တဲ့ ကုမ္ပဏီတွေလည်း ဝင်ရောက်လာပါ ပြီ။ ဒါ့အပြင် စီးပွားရေး တိုးတက်မှုနဲ့အတူ ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်း လည်း တိုးတက်လာအောင် စက်မှုဇုန်တွေ တည်ထောင်ပေးနေပါတယ်။

ထိုင်းနဲ့ ဆောင်ရွက်တဲ့ စက်မှုဇုန်အကြီး တစ်ခုကို ခွင့်ပြုပေးထားပါပြီ။ အလားတူပဲ ကိုရီးယားနဲ့ ဆောင်ရွက်တဲ့ စက်မှုဇုန်လည်း ရှိပါတယ်။ စက်တင်ဘာလအတွင်းက ကိုရီးယားသမ္မတကြီး မြန်မာနိုင်ငံကို ချစ်ကြည် ရေးလာတဲ့အချိန်မှာ နှစ်ဦးနှစ်ဖက် သဘောတူပြီး Korea Myanmar Industrial Complex တည်ထောင်ဖို့ ရှိပါတယ်။

ကိုရီးယားက ကျွန်တော်တို့ကို သက်သာ တဲ့ အတိုးနှုန်းနဲ့ ချေးငွေ ဒေါ်လာ ဘီလီယံ ချေးပေး ပါတယ်။ အတိုးက ဒသမ ၀၁ နှုန်းနဲ့ နှစ် ၄၀ ပေးပါတယ်။ ကျွန်တော်တို့ နိုင်ငံ့ခေါင်းဆောင်တွေ တရုတ်နိုင်ငံကို သွားခဲ့တဲ့ အချိန်မှာလည်း ယွမ် ဘီလီယံ ချေးငွေပေးတာရှိပါတယ်။ အီးယူကလည်း ကျွန်တော်တို့နိုင်ငံ ပညာရေးကဏ္ဍမှာ ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် အတိုးမဲ့ ယူရို သန်း ၂၃၁ သန်းကို ပေးပါတယ်။

ဒီလိုအခြေအနေမျိုး ဖြစ်လာအောင် ကျွန်တော်တို့ ဝန်ကြီးဌာန အနေနဲ့ ညှိနှိုင်းဆောင်ရွက်ရပါတယ်။ အဲဒီ အတွက် အောင်မြင်မှုရရှိနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

အလားတူပဲ ကုလသမဂ္ဂ အဖွဲ့အစည်း တွေနဲ့ လုပ်နေတာလည်း ရှိပါတယ်။ UNDP WFP နဲ့ လုပ်နေတာတွေကလည်း အောင်မြင် နေပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေက ကျွန်တော်တို့နိုင်ငံ ဆင်းရဲမွဲတေမှုကို လျှော့ချ နိုင်မယ်၊ ပညာရေးကဏ္ဍကို ပိုပြီးထိထိ ရောက်ရောက် လုပ်လာနိုင်မယ်၊ ကျန်းမာရေး မှာဆိုရင် Anti Malaria Campaign တို့ ဆောင်ရွက်နိုင်မယ်၊ HIV/AIDS ရောဂါ အတွက် ဆေးဝါးတွေ ပိုပြီး ပြည့်ပြည့်၀၀ ပေးနိုင်မှာဖြစ်ပါတယ်။ ခြုံငုံပြီး ပြောရရင် ကျွန်တော်တို့ နိုင်ငံမှာ ဖွံ့ဖြိုးတိုးတက်မှု ရှိအောင်ဆိုရင် ကိုယ့်အား ကိုယ်ကိုးရမှာ မှန်ပေမယ့် ပူးပေါင်းဆောင်ရွက်ရင် လျင်လျင် မြန်မြန် ပိုပြီးအောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့နဲ့အတူ လက်တွဲပြီး ဆောင်ရွက် ဖို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကိုလည်း ဖိတ်ခေါ်ချင်ပါတယ်။ International Partnerships တွေကိုလည်း ဖိတ်ခေါ်ပါတယ်။


မေး ပြည်ထောင်စုဝန်ကြီးရဲ့ ရှင်းပြပုံအရ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေက တော်တော်လေး ကျယ်ပြန့်တာကို တွေ့ရပါတယ်။ ဒီလိုမျိုးကျယ်ပြန့်ရတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရာမှာရော စိန်ခေါ်မှု တွေရော ရှိပါသလားရှင့်။

ပြည်ထောင်စုဝန်ကြီး စိန်ခေါ်မှုတွေကတော့ အထိုက်
အလျောက်ရှိပါတယ်။ မြန်မာနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်ပြီး တည်တံ့ခိုင်မြဲဖို့အတွက် ဟန်ချက်ညီတဲ့ စီမံကိန်းတွေချပြီး ဆောင်ရွက် နေပါတယ်။ ဆောင်ရွက်တဲ့အခါမှာ အောင်မြင်အောင် ညှိနှိုင်းရပါတယ်။ ဒီဇင်ဘာ ရက်နဲ့ ရက်ကို သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးနဲ့ ပြည်ပမှ ပံ့ပိုးကူညီနေတဲ့ အဖွဲ့ အစည်းတွေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ပေါင်းပြီးတော့ ညှိနှိုင်းနေရတာဖြစ်ပါတယ်။

ဒီရက်တွေမှာ ညှိနှိုင်းမှုတွေကို အောင်မြင် အောင်လုပ်နိုင်မယ်ဆိုရင် လာမယ့်နှစ်တွေမှာ ဒီထက်မက ပိုမိုပြီး လုပ်ငန်းတွေ တွင်ကျယ် မယ်လို့ ယူဆပါတယ်။ နေပြည်တော်မှာ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန- (MICC II) မှာ ကျင်းပတဲ့ အစည်း အဝေးဟာ ကျွန်တော်တို့ နိုင်ငံမှာ Myanmar Sustainable Development Plan (MSDP) ကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင် အောင်၊ ကျွန်တော်တို့ နိုင်ငံသားတွေ အကျိုး ရှိအောင် ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုအတွက် ပူးပေါင်းဆောင်ရွက်တဲ့ နိုင်ငံတွေ၊ အဖွဲ့ အစည်းတွေ၊ ပုဂ္ဂလိက ကဏ္ဍက ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက် ရမှာဖြစ်ပါတယ်။

စီမံကိန်းတွေ ဆောင်ရွက်မယ်ဆိုရင် နိုင်ငံ တော် ဘတ်ဂျက်အပြင် ပုဂ္ဂလိက ကဏ္ဍကလည်း ပါဝင်လာဖို့ လိုပါတယ်။ ပံ့ပိုးကူညီမယ့်နိုင်ငံတကာအဖွဲ့အစည်းတွေ နဲ့ မိတ်ဖက် နိုင်ငံတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဒီမှာ ရလဒ်ကောင်းရင်တော့ ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး ပိုမိုရင်းနှီးမြှုပ်နှံမှာ ဖြစ်တဲ့အတွက် အချိန်ပေးပြီးတော့ အင်တိုက်အားတိုက် ဆောင်ရွက်နေတာ ရှိပါတယ်။ ဒီလို အင်တိုက် အားတိုက်လုပ်ဖို့အတွက် ကျွန်တော်တို့ ဝန်ကြီးဌာနမှာ ဝန်ထမ်းအင်အားပိုပြီး လိုအပ် ပါတယ်။ ဒီအတွက်လည်း ညှိနှိုင်းနေတာ ရှိပါတယ်။

စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို ပြောရမယ် ဆိုရင် ပြီးခဲ့တဲ့ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ဒသမ ဘီလီယံဝင်ပါတယ်။ လာမယ့်နှစ်မှာ ဆတက် ထမ်းပိုးတိုးလာဖို့ မျှော်လင့်တယ်။ ဒီလိုတိုးတက်မှုတွေ ရလာဖို့အတွက် ဒီထက်မက လူအင်အားနဲ့ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။


မေး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဆက်စပ်နေ ပါတယ်။ ဒါနဲ့ ဆက်စပ် ပြီး ရင်းနှီးမြှုပ်နှံမှုက ပို့ကုန်တိုးတက် စေရေး အတွက် ဘယ်လောက်အထောက်အကူ ဖြစ်စေတယ်ဆိုတာ ရှင်းပြပေးစေ လိုပါတယ်။

ပြည်ထောင်စုဝန်ကြီး ကျွန်တော်တို့နိုင်ငံမှာ ပြီးခဲ့တဲ့
နှစ်မှာ GDP သိသိသာသာ တိုးတက်လာပါ တယ်။ အရင်က GDP က ရာခိုင်နှုန်း၊ ဒသမ ရာခိုင်နှုန်းကနေ လာမယ့်နှစ်မှာ ဒသမ ရာခိုင်နှုန်းအထိ တိုးတက်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒါက ကမ္ဘာ့ ဘဏ်က ပြောထားတဲ့ နှုန်းထားတွေလည်း ဖြစ်ပါတယ်။ ဒါတွေဟာ ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပိုမို မြင့်မားလာတာကြောင့်လည်း ဖြစ်တယ် လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါ တယ်။ ကုန်သွယ်ရေးကလည်း တိုးတက် လာပါတယ်။ ကုန်သွယ်ရေးဆိုတာ အိမ်နီး နားချင်းနိုင်ငံတွေနဲ့ ကုန်းလမ်းကနေ ကုန်သွယ်နေတာ ရှိသလို၊ ပင်လယ် ရေကြောင်းကနေ ကုန်သွယ်တာတွေ ရှိပါတယ်။ ပြည်တွင်းမှာ လာရောက်ရင်းနှီး မြှုပ်နှံတဲ့ လုပ်ငန်းရှင်တွေဟာ အများအားဖြင့် ပြည်ပကို ပို့ကုန်တွေ ပြန်ပြီးတင်ပို့တာရှိပါတယ်။ ဥပမာ အထည်ချုပ် လုပ်ငန်းတွေပါ။ အခုကတော့ အထည်ချုပ်လုပ်ငန်းတွေတင် မကတော့ ပါဘူး။ အမယ်တွေ ပိုများလာတယ်။ ဖိနပ်ချုပ်တာ၊ အားကစားဝတ်စုံ၊ ခရီးသွားအိတ် တို့ချုပ်တာ ဒါမျိုးတွေ လုပ်တာတွေ ရှိပါတယ်။ အရင်နဲ့စာရင် တိုးတက်လာတာကို တွေ့ရပါတယ်။ အခု ကျွန်တော်တို့ နိုင်ငံမှာ မော်တော် ယာဉ်တွေ တပ်ဆင်လာတာ ရှိပါတယ်။

ကျွန်တော်တို့ ပြည်သူတွေ အလုပ်အကိုင် ရသလို ရင်းနှီးမြှုပ်နှံမှုလည်း တိုးလာပါမယ်။ ပြည်ပပို့ကုန်လည်း တိုးလာပါမယ်။ ဒါကြောင့် မို့လို ရင်းနှီးမြှုပ်နှံမှုဟာ ပြည်တွင်းအတွက် အကျိုးရှိရုံသာမက ကုန်သွယ်မှု အတွက်ပါ အကျိုးအများကြီးရှိတယ်ဆိုတာ တွေ့ရှိရပါတယ်။ အခုဆိုရင် လျှပ်စစ်ပစ္စည်းတွေကို ပြည်တွင်းမှာထုတ်ပြီး ပြည်ပကို တင်ပို့ ဖြန့်ဖြူး တာတွေ ရှိပါတယ်။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုဟာ ကုန်သွယ်ရေး အတွက်ပါ အကျိုးရှိတယ်လို့ ပြောချင်ပါတယ်။

မေး ရင်းနှီးမြှုပ်နှံမှုတွေတိုးလာဖို့ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းတွေ ဝန်ကြီးဌာန က ဖော်ဆောင်နေမှုအပိုင်းကို သိပါရစေ။

ပြည်ထောင်စုဝန်ကြီး ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း
တွေ ဖြစ်လာအောင် ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ခုနကပြောခဲ့သလို ကမ္ဘာ့ဘဏ်ကနေ နိုင်ငံပေါင်း ၁၉၀ ကို စနစ် တကျ လေ့လာပြီး နှစ်စဉ်နှစ်တိုင်း အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ ဘယ်နိုင်ငံမှာ ရင်းနှီး မြှုပ်နှံရင် အကျိုးရှိတယ်ဆိုတာကို ထုတ်ပြန် နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့က နိုင်ငံ ပေါင်း ၁၉၀ မှာ နိုင်ငံပေါင်း ပထမဆုံး ၁၀၀ ထဲမှာပါအောင် ဒုတိယသမ္မတကြီး ဦးမြင့်ဆွေ ဦးဆောင်ပြီး ဆောင်ရွက်နေတာရှိပါတယ်။ ဒီနှစ်ဆိုရင် အထိုက်အလျောက် တိုးတက် လာတာ တွေ့ရှိရပါတယ်။ လာမယ့်နှစ်မှာ ပိုပြီး တိုးတက်လာမယ်လို့ မြင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ အရင်က ကုမ္ပဏီတစ်ခု ထူထောင် ဖို့ ခက်ခဲတယ်။ အခုက MyCO ကြောင့် အွန်လိုင်းကနေ လုပ်လို့ရပြီဖြစ်ပါ တယ်။ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းငယ်တွေကို အကာအကွယ်ပေးနိုင်မယ့် ဥပဒေလည်း ထုတ်ထား ပြီးဖြစ်ပါတယ်။ နောက်တစ်ခုက အများအားဖြင့် ပါမစ်အတွက် ကြန့်ကြာတယ်လို့ အကြံပြုကြတဲ့အတွက် ပါမစ်ကို မြန်မြန် ဆန်ဆန် ထုတ်ပေးနိုင်အောင် လုပ်ပေးနေပါတယ်။ လုပ်ငန်းတစ်ခုအတွက် အဆိုပြုပြီဆိုရင် အနီးဆုံး အစည်းအဝေးမှာ ညှိနှိုင်းဆွေးနွေးပြီး ခွင့်ပြုနိုင်တဲ့ အခြေအနေဆိုရင် ရက်အနည်းငယ် အတွင်းမှာ ခွင့်ပြုမိန့် ထုတ်ပေးပါတယ်။ ဒါကြောင့်မို့ ပါမစ်အတွက်လည်း မြန်ဆန် လာပါပြီ။ နောက်တစ်ခုက အဆောက်အဦ ဆောက်လုပ်ခွင့် ပါမစ်ဆိုရင် အွန်လိုင်းကနေ ဆောင်ရွက်လို့ရပါပြီ။ ရန်ကုန်တိုင်းဒေသ ကြီးမှာဆိုရင် လူကိုယ်တိုင် လာလျှောက်စရာ မလိုဘဲ အွန်လိုင်းကနေ လျှောက်လို့ရတဲ့ အတွက် အများကြီး အကျိုးရှိပါတယ်။ ဘဏ် လုပ်ငန်းတွေကိုလည်း လွယ်ကူအောင် လုပ်ပေး နေတာရှိပါတယ်။ ဒါကြောင့်မို့လို့ ရင်းနှီးမြှုပ်နှံမှု လွယ်လာရင် ကျန်တဲ့ကုမ္ပဏီတွေကလည်း ဝင်ရောက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော် ဥပမာပြောလေ့ရှိပါတယ်။ ရေကန်ရှာတဲ့ ဗျိုင်းအုပ်အတွက် သာယာတဲ့ ရေကန် တွေ့ရင် ဆင်းသက်လာမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံကိုလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်။ တော်တော်များများလည်း လာရောက် လေ့လာနေပါတယ်။ ဒီထက်မက ဝင်ရောက်လာမယ်လို့လည်း မျှော်လင့်ပါတယ်။


မေး ပြည်ထောင်စုဝန်ကြီး အနေနဲ့ ဖြည့်စွက်ပြောကြားချင်တာ ရှိရင် ပြောကြားပေးပါ။

ပြည်ထောင်စုဝန်ကြီး လက်ရှိ နေပြည်တော်မှာ ဒီဇင်ဘာ ရက်နဲ့ ရက် နှစ်ရက်တာ ကျင်းပတဲ့ အစည်းအဝေးမျိုးကို နှစ်စဉ် လုပ်နိုင်အောင် ကြိုးပမ်းသွားမှာပါ။ ဒါပေ မယ့် ဒါကနိုင်ငံ့ပတ်ဝန်းကျင် အခြေအနေ နဲ့လည်း ဆိုင်ပါတယ်။ ဒီနှစ်ဆိုရင် စိတ်ဝင် စားတဲ့ သူတွေ များပါတယ်။ နောက်နှစ်လည်း လာဖို့ ရှိပါတယ်။ သို့သော် ဒီနှစ်ထဲမှာ ကျွန်တော်တို့ အနေနဲ့က တိုးတက်မှုပြနိုင်ဖို့ အရေးကြီးပါတယ်။ ဒီလို ဆွေးနွေးပွဲတွေ လုပ်ပြီးတဲ့အခါမှာ တိုးတက်မှု မရှိဘူးဆိုရင် စိတ်ဝင်စားမှု နည်းသွားပါမယ်။ ဒီနှစ်မှာ ဆွေးနွေးပွဲပြီးရင် ညှိနှိုင်းလို့ရတာတွေကို ညှိနှိုင်းပါမယ်။ ဒီထက်မကပိုပြီး စိတ်ဝင်စား မှုရှိလာအောင် လုပ်သွားမယ်။ နောင်နှစ် ဒီအချိန်မှာ နောက်ထပ် တစ်ကြိမ်လုပ်ဖို့ ရည်ရွယ်ထားပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ပြည်ထောင်စုဝန်ကြီးကို ကျေးဇူးတင်ပါ တယ်။