၀န်ကြီးဌာနသတင်းများ

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်
    ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်သက်ဆိုင်သည့် လိုင်စင်၊ပါမစ်၊ထောက်ခံချက်များပြန်လည် သုံးသပ်ရေးအဖွဲ့၏ စတုတ္ထအကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယင်းအဖွဲ့ ဥက္ကဋ္ဌ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်ပြီး သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများက အဖွဲ့ဝင်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ များနှင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
    အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် တက်ရောက်လာသူများက အစိုးရဌာန၊ အဖွဲ့အစည်း များအလိုက် စီးပွားရေးလုပ်ငန်းများနှင့်သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ထုတ်ပေး ရာတွင်လွယ်ကူလျင်မြန်စွာဆောင်ရွက်ပေးနေမှုများ၊ လုပ်ငန်းများဆောင်ရွက်ရာတွင်  နိုင်ငံသားများအပေါ် အကျိုးပြုနိုင်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ သွင်းကုန် အစား ထိုးနိုင်မှု၊ နိုင်ငံခြား ဝင်ငွေရရှိမှုတို့ကို ဦးတည်ချက်ထား၍ ပြုပြင်ပြောင်းလဲမှုများ၊ ဖြေလျှော့မှု များ ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးခဲ့ကြသည်။
    ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီးက သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများက နိုင်ငံ ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့်  လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များထုတ်ပေးရာတွင် ယခင်ကကဲ့သို့ လူကိုယ် တိုင်လာရောက်လျှောက်ထားရယူနေရခြင်းကဲ့သို့ သမားရိုးကျ နည်းလမ်းဖြင့်ဆောင်ရွက်မည့် အစား ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိသည့် နည်းပညာအသုံးပြု ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်နိုင်ရေး တီထွင်ကြံဆကြိုးပမ်းဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင် သည့်ဌာနတစ်ခုနှင့်တစ်ခု  ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ လွယ်လွယ်ကူကူ လျင်လျင်မြန်မြန် ရရှိ နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားခဲ့ပါသည်။