၀န်ကြီးဌာနသတင်းများ


၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်
၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အဝန်းကော်မတီများ အစည်းအဝေးသို့ အာဆီယံ အဆင့်မြင့်စီးပွားရေးအရာရှိ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်  ပါဝင်တက်ရောက်ခဲ့သည်။
အဆိုပါအစည်းအဝေးကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံစီးပွားရေး အသိုက် အဝန်းဆိုင်ရာ ဒုတိယအတွင်းရေးမှူးချုပ် Mr. Satvinder Singh က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃)ခုမှ အဆင့်မြင့်အရာရှိများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း၏ ကဏ္ဍဆိုင်ရာအဖွဲ့များမှ အလှည့်ကျ သဘာပတိများ၊     အာဆီယံစီးပွားရေးအကြံပေးကောင်စီမှ ကိုယ်စားလှယ်များနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် အာဆီယံအဆင့်မြင့်အစည်းအဝေးများမှ ဆက်လက်ဆောင်ရွက်ရန် ရှိသည့်ကိစ္စရပ်များ၊ အာဆီယံအသိုက်အဝန်း ကော်မတီများ၏ ဖွဲ့စည်းပုံ ၊ လုပ်ထုံးလုပ်နည်းများ နှင့် ရှေ့ဆက်ဆောင်ရွက်မည့် ကိစ္စရပ်များ၊ ကဏ္ဍများနှင့် မဏ္ဍိုင်များအကြား ပေါင်းစပ် ဆက်နွယ် နေသည့်ကိစ္စရပ်များ၊ အာဆီယံပေါင်းစပ်ဆက်နွယ်မှု ပူးပေါင်းညှိနှိုင်းရေး ကော်မတီနှင့် အာဆီယံ စီးပွားရေးအကြံပေးကောင်စီအပါအဝင် အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃) ခုအောက်ရှိ ကဏ္ဍ အလိုက်လုပ်ငန်းအဖွဲ့များက ၄င်းတို့၏ ၂၀၂၂ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်း များနှင့် စပ်လျဉ်းသည့် တင်ပြချက်များကို ဆွေးနွေးခဲ့သည်။
အစည်းအဝေးသို့ အမြဲတမ်းအတွင်းဝန်နှင့်အတူ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဦးစီး ဌာနက အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့သည်။