၀န်ကြီးဌာနသတင်းများ



၁။ အဂတိလိုက်စားမှုကြိုတင်တားဆီးကာကွယ်ခြင်းနှင့် အသိပညာဖြန့်ဝေခြင်း လုပ်ငန်း တစ်ရပ်အဖြစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိပုဂ္ဂိုလ်များက ရင်းနှီးမြှုပ်နှံမှု နှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများ အား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၉ ရက်တွင် ဆွေးနွေးပို့ချပေးခဲ့ပါသည်။

၂။ ဆွေးနွေးချက်နှင့် အကြံပြုချက်များအရ PFP Web Portal အသုံးပြုနည်းကို ဌာနများက အသုံးချနိုင်ပါက ပြည်သူလူထု၏ အကြံပြုချက်နှင့် သဘောထားအမြင်များကို လျင်မြန်စွာသိရှိပြီး အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။

၃။ ထို့ပြင် အဂတိလိုက်စားမှု တားဆီးရေးကို အထောက်အကူပြုစေမည် ဖြစ်ပါသည်။ ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းဆောင်ရွက်သည့် PFP Web Portal အသုံးပြု နည်းသင်တန်းကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ နေပြည်တော်တွင် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက် နံနက် (၀၉:၀၀)နာရီ၌ အမြဲတမ်းအတွင်းဝန်မှ ဖွင့်လှစ်ပေးခဲ့ပါသည်။

၄။ သင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ တားဆီးကာကွယ်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်း ရတနာထွန်းက သင်ကြားပို့ချခဲ့ပြီး ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးရုံးများမှ Video Conferencing စနစ်ဖြင့် တက်ရောက်သူများ အပါဝင်)နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတို့မှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၃၁)ဦး တက်ရောက်ခဲ့ပါသည်။