၀န်ကြီးဌာနသတင်းများ

ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ (၆) လပတ်လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ က လမ်းညွှန်မှာကြားခဲ့သည်များအား ပြည်ထောင်စုဝန်ကြီးက ထပ်ဆင့် မှာကြားရှင်းလင်းခြင်းနှင့် လမ်းညွှန်ချက်များအပေါ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက်  ညှိနှိုင်း ဆွေးနွေးမှုကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး တက်ရောက်၍ ဆွေးနွေးမှာကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး၏ ထပ်ဆင့် မှာကြားရှင်းလင်းမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာန အကြီးအကဲများက ဌာနအလိုက် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို တင်ပြကြပါသည်။

ဆက်လက်၍  ဒုတိယဝန်ကြီးက ဝန်ကြီးဌာန၏ လုပ်ငန်းများ အကောင်အထည်ဖော်မှု အခြေအနေနှင့်စပ်လျဉ်းသည့် သုံးသပ်ချက်များကိုလည်းကောင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၏ (၆)လပတ် လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များအပေါ် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။

          ညှိနှိုင်းဆွေးနွေးသည့် အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်  တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ ညွှန်ကြားရေးမှူးများအပါအဝင် အရာရှိကြီးများ ပါဝင် တက်‌ရောက်ခဲ့ကြပါသည်။