၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ရုံးအမှတ်(၁)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနသည်  ရင်းနှီးမြှုပ်နှံမှု သာမက နိုင်ငံခြားစီးပွားဆက်သွယ်ရေးနှင့်ပါသက်ဆိုင်နေသဖြင့် ဝန်ထမ်းများအနေဖြင့် ဒေသတွင်း နိုင်ငံ များနှင့် စီးပွားရေး ပေါင်းစည်းဆောင်ရွက်နေမှုနှင့် ပြည်တွင်း /ပြည်ပရင်းနှီးမြှုပ်နှံမှု အခြေအနေ များအပြင် ကမ္ဘာ့စီးပွားရေး၊ ဒေသတွင်းစီးပွားရေးနှင့် ဆက်စပ်သည့် ကုန်သွယ်မှု အခြေအနေ များကိုပါ သိရှိနားလည်ထားရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများအား ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှု စနစ်အဆင့်ဆင့် ပြောင်းလဲလာမှုနှင့် နိုင်ငံများ၏ဖွံ့ဖြိုး တိုးတက်မှုအဆင့်ဆင့် အခြေအနေတို့ကို သိရှိနားလည်ပြီး  လုပ်ငန်းခွင်အတွင်း ပြန်လည် အသုံးပြုနိုင်ခြင်းဖြင့် အသုံးပြုတတ်လျှင် အသုံးပြုတတ်သလောက် အကျိုးရှိနိုင်မည့် ခေါင်းစဉ်များကိုရွေးချယ်၍ အပတ်စဉ်အသိပညာမျှဝေ ဆွေးနွေးပွဲ ပြုလုပ်ကျင်းပရခြင်းဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှု ဌာခွဲ(၁) မှ  ညွှန်ကြားရေးမှူးက မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးထား သော လွတ်လပ်သည့် ကုန်သွယ်မှုဆိုင်ရာ သဘောတူစာချုပ် (၁၇) ခုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအတွက် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် နိုင်ငံများ အကြားကုန်သွယ်မှု ဆိုင်ရာ  ကိစ္စရပ်များတွင် ဖြစ်ပေါ် တတ်သော လွတ်လပ်သောကုန်သွယ်မှု (Free Trade) နှင့် မျှတသောကုန်သွယ်မှု (Fair  Trade) ဆိုင်ရာ အကြောင်းအရာကို ဆွေးနွေးခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ် ခဲ့ကြပါသည်။ အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာနက  အဆင့်မြင့်အရာရှိများ၊ အရာထမ်း / အမှုထမ်းများ Online အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား (၁၀၀) ကျော် တက်ရောက်ကြပါသည်။