ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ကိုရီးယားသမ္မတနိုင်ငံ၊ ဘူဆန်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်ချုပ်နှင့်တွေ့ဆုံ
Post on 06 April 2023
ရင်းနှီးမြှုပ်နှံမှုနှင့်
နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ကိုရီးယားသမ္မတနိုင်ငံ၊
ဘူဆန်မြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ် Mr. Won Bae Dahn အား ယနေ့နံနက်
၁၀:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ကိုရီးယားသမ္မတနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ
ဆောင်ရွက်လိုသည့် ကိစ္စများ၊ ပညာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည်များနှင့် နှစ်နိုင်ငံအကြားစီးပွားရေး
ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စများအား ဆွေးနွေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို
ပြန်လည် ဆွေးနွေးပြောကြားခဲ့ပါသည်။