၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့် အမှုထမ်း ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (/၂၀၂၃) ဖွင့်ပွဲ အခမ်းအနား ကို  ရုံးအမှတ် (၁)၊ ဝန်ကြီးဌာနအစည်းအဝေးခန်းမ နေပြည်တော်၌ ယနေ့မွန်းလွဲ ၁၀၀ နာရီ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်း များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် သင်တန်းဖွင့်လှစ်ပို့ချခဲ့သည်မှာ (၃/၂၀၂၃) ကြိမ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း၊ ယခင် ၂ ကြိမ် ဖွင့်လှစ်ခဲ့သည့် ဝန်ကြီးဌာနတွင်း ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းသို့  အရာထမ်း၊ အမှုထမ်း စုစုပေါင်း ၁၄၀ ဦး တက်ရောက် ခဲ့ပြီးဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကိုပြည့်ဝစွာ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ  (၂၀၀၈ ခုနှစ်)မှ အစပြု၍ ဥပဒေဆက်နွယ်ဘာသာရပ်များနှင့် စီမံခန့်ခွဲမှု ဘာသာရပ်များဖြစ်သည့်  စီးပွားရေးဆိုင်ရာဥပဒေများ၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နည်းဥပဒေများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ ကုလ သမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများ၊ ရုံးစာရေးသားနည်းများ၊ သံတမန်ရေးရာအခွင့်အရေးနှင့် ကင်းလွတ်ခွင့်များ၊ ပြည်သူ့ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် အညီလုပ်ကိုင်ဆောင်ရွက်နိုင်ရေး၊ ဆက်စပ်ဝန်ကြီးဌာနများ၏ ဥပဒေများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေဘာသာရပ်ကို ပို့ချပေးခြင်း ဖြစ်ကြောင်း၊ သင်တန်းမှရရှိသော အသိအမြင်၊ ဗဟုသုတများဖြင့် လုပ်ငန်းခွင်အတွင်း တာဝန် ကို ကျေပွန်စွာနှင့် ကျွမ်းကျင်စွာ ထမ်းဆောင်နိုင်သည့် ဝန်ထမ်းများဖြစ်လာနိုင်စေရန် ရည်ရွယ်ပါကြောင်း၊  “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသော ဆောင်ပုဒ်အတိုင်း ဝန်ထမ်းများ၏ စိတ်ဓါတ်ရေးရာနှင့် စည်းမျဉ်းစည်းကမ်းကောင်းမွန်မှသာ နိုင်ငံ့တာဝန်များကို ဥပဒေစည်းမျဉ်းများဖြင့် စနစ်တကျ သယ်ပိုးထမ်းဆောင်နိုင်မည် ဖြစ်ပါကြောင်း၊ ဝန်ထမ်း တစ်ဦးစီ၏ ကိုယ်ပိုင်အသိစိတ်ဓါတ်ဖြင့် နိုင်ငံ့တာဝန်များကို အင်တိုက်အားတိုက် ပါဝင် ထမ်းဆောင်လိုသော စိတ်ဓါတ်မျိုးရှိရန်နှင့်  မိမိ၏ တစ်ကိုယ်ရည်စွမ်းရည်ဖြင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့် စိတ်ဓါတ်တို့ စနစ်တကျမွေးမြူသွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါ သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ ဦးစီးအရာရှိ ရာထူး အဆင့်နှင့် အောက်ဝန်ထမ်းများအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် လူကိုယ်တိုင်/ Online မှ တစ်ဆင့် ပါဝင်တက်ရောက်သည့် အရာထမ်း၊ အမှုထမ်း သင်တန်းသား/ သူ ၅၅ ဦး အပါအဝင် စုစုပေါင်း ၁၀၀  ကျော် တက်ရောက်ကြပါ သည်။

အဆိုပါ သင်တန်းအား ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ ဩဂုတ်ရက်နေ့အထိ ရက်ပေါင်း ၄၀ ကြာ သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်းနှင့် မွမ်းမံသင်တန်းအား စဉ်ဆက်မပြတ်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။