၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk)အမှတ်စဉ် (၁၈) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အဖွင့်အမှာစကားပြောကြားရာတွင် ဝန်ကြီး ဌာနရှိ ဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity) တိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာ မျှဝေဆွေးနွေးခြင်းအစီအစဉ် (Friday Talk) အား အပတ်စဉ်ဆောင်ရွက်ခဲ့သည်မှာ ယခုအခါ အပတ်စဉ် (၁၈) အထိ ရောက်ရှိပြီဖြစ်ပါကြောင်း၊ ဤဝန်ကြီးဌာနရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန(FERD) တို့သည် နိုင်ငံတကာအကူအညီများ ဝင်ရောက်နိုင်စေရေး၊ ရင်းနှီးမြှုပ်နှံမှုများကို အခြေခံထား သည့် ဉပဒေများဖြင့် ငွေကြေးအရင်းအနှီး စီးဝင်စေရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရေး စသည်တို့တွင် နိုင်ငံတကာနှင့်ဆက်သွယ်ရသည့် အခြေခံသဘာတရား၌ တူညီပါကြောင်း၊ FERD ဘက်မှ ချုပ်ဆိုသော နှစ်နိုင်ငံသဘောတူစာချုပ်များသည် အကျိုး အမြတ်ရယူခြင်းမရှိသည့် (Non- Profit) များဖြစ်သော်လည်း  ယင်းစာချုပ်များ၏ အကျိုးဆက်များကို သိရှိလေ့လာထားရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုအပိုင်းတွင်လည်း နှစ်နိုင်ငံနှင့် နိုင်ငံစုံ ရင်းနှီးမြှုပ်နှံမှုများ၌ ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အကျိုးအမြတ် ရရှိရေးအတွက် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြခြင်းဖြစ်ပါကြောင်း၊ ရင်နှီးမြှုပ်နှံမှုများသည် နိုင်ငံ အတွက် အမြတ်အစွန်းနှင့် အကျိုးအမြတ်များ (Profit and Benefit) ရရှိနိုင်မည်ဖြစ်သဖြင့်  အဆိုပါ ရင်းနှီးမြှုပ်နှံမှုများကို တိုးမြှင့်ရေးနှင့်  အကာအကွယ်ပေးရေး နှစ်နိုင်ငံသဘောတူစာချုပ်များ (Bilateral Investment Treaties) ချုပ်ဆိုကြရပါကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ အကာအကွယ်ပေးနိုင်ခြင်း (Investment Protection)နှင့် ရင်းနှီးမြှုပ်နှံမှုများ   မြှင့်တင်ပေးခြင်း (Investment Promotion) သည် အရေးကြီးကြောင်းကို နားလည်ထားရန်လိုအပ်ပါကြောင်း၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများစီးဝင်စေရန် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းအိ တင်ပြဆွေးနွေးမည့်ခေါင်းစဉ်သည် ထိရောက်ပြီး အကျိုးများစေသည့် ခေါင်းစဉ်ဖြစ်ကြောင်းနှင့် မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ယနေ့ဆွေနွေးပွဲတွင် တက်တက်ကြွကြွပါဝင် ဆွေးနွေးသွားကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးမည့်ခေါင်းစဉ်၏ အခြေခံဖြစ်သည့်  ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များနှင့်  မြန်မာနိုင်ငံကပါဝင်ချုပ်ဆိုထားသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များအကြောင်းကို မိတ်ဆက်ဆွေးနွေးခဲ့ပါသည်။

        ဆက်လက်၍ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းအိ က “မြန်မာနိုင်ငံက ချုပ်ဆိုထားသည့် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူစာချုပ်များ” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသူများက ဆွေးနွေးမှု ခေါင်းစဉ်နှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခြင်းနှင့် ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိများနှင့် အရာထမ်း/အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှူးဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။