၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ မစ္စတာ ဗစ်တလေ ဆိုလိုနတ်စကီ ဦးဆောင်သော စီးပွားရေးကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်၊ ၁၀ ၀၀ နာရီ အချိန်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) ၌ လက်ခံတွေေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ သတင်းအချက်အလက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနှင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုဆိုင်ရာနည်းပညာကဏ္ဍများတွင် ရုရှားကုမ္ပဏီများ လာရောက် ရင်းနှီး မြှုပ်နှံရေးနှင့် နှစ်နိုင်ငံအကြား နည်းပညာဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး တို့နှင့်စပ်လျဉ်း၍  အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်သည်။