၀န်ကြီးဌာနသတင်းများ

        ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော စီးပွားရေး ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ ၀၉၃၀ နာရီအချိန်တွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ လက်ခံတွေေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများ ဆောင်ရွက်ရာတွင် ငွေပေးချေမှုစနစ် လွယ်ကူချောမွေ့စေရေး၊ သတင်းအချက်အလက်နှင့် နည်းပညာနယ်ပယ်တွင် ပုဂ္ဂလိကကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးလုပ်ငန်းများအချင်းချင်းတွေ့ဆုံဆွေးနွေးမှု (Business Matching) များဆောင်ရွက် ရေး၊  မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ဖွံ့ဖြိုး မှုကိုအထောက်အကူပြုစေမည့် မြန်မာ့စားသောက်ကုန်နှင့် အဖျော်ယမကာ ထုတ်ကုန်များ အား ရုရှားနိုင်ငံသို့ တင်ပို့ရောင်းချရေးနှင့် ဈေးကွက်ရရှိရေး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများ ရုရှားစီးပွားရေးလုပ်ငန်းရှင်များထံသို့ သိရှိ ပြန့်နှံ့စေရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အဆင့်မြင့်အရာရှိကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။