၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၂၉) ဆွေးနွေးပွဲအဖြစ်“စွန့်ဦးတီထွင်သူများ(Entrepreneurs) ကိုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး ဒေါက်တာ ဝါဝါမောင် က အမှာစကား ပြောကြားခဲ့ပါသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းတစ်ဦးစီ၏ စွမ်းဆောင်ရည် နှင့် လုပ်ဆောင်နိုင်စွမ်း တိုးတက် လာစေရန် ရည်ရွယ်၍ အသိပညာမျှဝေ ဆွေးနွေးခြင်းအစီအစဉ် (Friday Talk) အား အပတ်စဉ် သောကြာနေ့တိုင်း ဆောင်ရွက်ခဲ့သည်မှာ အပတ်စဉ် (၂၉)သို့ ရောက်ရှိလာခဲ့ပြီဖြစ်သဖြင့် အချိန် ကာလတစ်ခုသို့ ရောက်ရှိလာနေပြီဖြစ်ပါကြောင်း၊ ယနေ့ ဆွေးနွေးတင်ပြမည့် စွန့်ဦးတီထွင်သူ များကို လေ့လာခြင်း အကြောင်းအရာသည် လူငယ်များအတွက် အလွန်ပင် စိတ်ဝင်စားစရာ ကောင်းပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနသည် စွန့်ဦးတီထွင်မှု လုပ်ငန်းများအတွက် လိုအပ်သော နည်းပညာများရရှိရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ workshops နှင့် seminars များကို နိုင်ငံခြားစီးပွားဆက်သွယ်မှုအပိုင်းမှ ဆက်သွယ်ချိတ်ဆက် ထောက်ပံ့ပေးလျက်ရှိသည့်အပြင်  ဈေးကွက် ရရှိရေးနှင့် စွန့်ဦးတီထွင်နိုင်သည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များ တိုးတက်ဖြစ်ထွန်းရေးကို ရင်းနှီးမြှုပ်နှံမှုအပိုင်းမှ ပံ့ပိုးပေးနေပါကြောင်း၊လက်ရှိ နိုင်ငံတော် မှလည်း အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ MSME ဖွံ့ဖြိုးတိုးတက် ရေးအတွက် မူဝါဒများ ချမှတ်ဆောင်ရွက်ပေးနေခြင်းသည် စွန့်ဦးတီထွင်သူများနှင့် စွန့်ဦးတီထွင် မှု လုပ်ငန်းများ ပိုမိုပေါ်ထွန်းလာရေးကို အားပေးမြှင့်တင်ပေးနေခြင်းပင် ဖြစ်ပါကြောင်း၊  စွန့်ဦး တီထွင်သူများ၏ တွေးခေါ်ကြံဆချက်များသည် အခြားသာမာန်အတွေးအခေါ်များနှင့် မတူဘဲ ထိုးဖောက် တွေးခေါ်  ကြံဆလိုစိတ်များ ရှိကြသဖြင့် ၎င်းတို့၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ စွန့်ဦးတီထွင်သူများသည် သာမာန်အတွေးအခေါ်ဖြင့် ပုံမှန်သမားရိုးကျ အတိုင်း လုပ်ကိုင်ဆောင်ကြသူများ မဟုတ်ကြဘဲ တီထွင်ဖန်တီးမှု (Creation) နှင့်  တီထွင် ဆန်းသစ်မှု (Innovaiton) တို့ ဖြင့်ဆောင်ရွက်လေ့ရှိသည်ကိုတွေ့ရှိရပါကြောင်း၊ ထုတ်ကုန်များ ထုတ်လုပ် ရာတွင်လည်း သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ပေးနိုင်ခြင်း၊ စားသုံး သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်း၊ အခြားထုတ်ကုန်များနှင့်မတူဘဲ တီထွင် ဆန်းသစ် မှုများရှိခြင်း၊ တစ်နိုင်တစ်ပိုင် အငယ်စားစီးပွားရေးလုပ်ငန်းမှ ဈေးကွက်ရှာဖွယ်နိုင်ခြင်း၊ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ခြင်းတို့မှတစ်ဆင့် အကြီးစားစီးပွားရေးလုပ်ငန်းအဖြစ်သို့ အဆင့်မြှင့်တင် ပြောင်းလဲနိုင်ခြင်းစသည့် စွန့်ဦးတီထွင်သူ များ၏ စွမ်းဆောင်ချက်များကို  နိုင်ငံအများတွင် တွေ့မြင်နေရပါကြောင်း၊ စွန့်ဦးတီထွင်သူဟုဆိုရာတွင် အများစုမှာ လူငယ်များဖြစ်ကြပြီး မည်သူတစ်ဦး တစ်ယောက်မှ မလုပ်ရသေးသော အလုပ်များကို စတင်ဆောင်ရွက်ပြီး ကနဦး တီထွင်ဖန်တီးသူများဖြစ်ကြပါကြောင်း၊ သို့ပါ၍ တက်ရောက်လာကြသူများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် ဝိုင်းဝန်းဆွေးနွေးမေးမြန်းစေလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။  

ဆွေးနွေးပွဲအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သင်းသီရိစု က “စွန့်ဦးတီထွင်သူများ(Entrepreneurs) ကိုလေ့လာခြင်း” ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူ များက သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ် ခဲ့ကြပါသည်။

အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ  အဆင့်မြင့်အရာရှိကြီးများ၊ အရာထမ်း/အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီး ဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။