၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်း အားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ် သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၃) ဆွေးနွေးပွဲအဖြစ် ကိုးရီးယားသမ္မတနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာခြင်း ခေါင်းစဉ်ဖြင့် ယနေ့ မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးတင်ပြမည့် ကိုရီးယားသမ္မတနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းကို လေ့လာရန်လိုကြောင်း၊ နှစ်ပေါင်း ၅၀ အတွင်း ဖွံ့ဖြိုးမှုနိမ့်ကျသော LDC နိုင်ငံအဖြစ်မှ အာရှဖွံ့ဖြိုးမှု အားကောင်းသော အဆင့် (၄) နိုင်ငံသို့ ပြောင်းလဲတိုးတက်ခဲ့မှုဖြစ်စဉ်ကို တွေ့ရမည်ဖြစ်ကြောင်း၊ အဓိက တွန်းအား များမှာ အစိုးရဦးဆောင်သော စက်မှုထူထောင်ရေးပုံစံ၊ ပညာရေးကို ဦးစားပေးဆောင်ရွက်မှု၊ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်နိုင်စွမ်း (Capacity and Capability) ရှိသည့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်မှု၊ နည်းပညာအသစ်များ တီထွင်နိုင်ရေး ဆောင်ရွက်မှုများနှင့် ပို့ကုန်ကို ဦးတည်သော စက်မှုထူထောင်ရေးကို ဆောင်ရွက်သည် သာမက  အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises- SMEs)  ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ချက်များကို သိရှိနိုင်မည်ဖြစ်ပါကြောင်း၊  စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု၏ အခြေခံအချက်ဖြစ်သော မြေယာ (Land) ၊ လုပ်သား (Labour) နှင့် အရင်းအနှီး (Capital) တို့တွင် နည်းပညာနှင့် စက်စွမ်းအား များ ပေါင်းစပ်ဆောင်ရွက်မှုများကို လေ့လာခွင့် ရရှိမည်ဖြစ်ကြောင်း၊ ယနေ့ ဆွေးနွေး တင်ပြ မည့် ကိုရီးယားသမ္မတနိုင်ငံ၏ သမိုင်းကြောင်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့မှုကို တက်ရောက်လာကြသူများအနေဖြင့် သေသေချာချာ လေ့လာခွင့် ရမည်ဖြစ် ပြီး စိတ်ပါဝင်စားစွာဖြင့် မေးမြန်းဆွေးနွေးကြရန် တိုက်တွန်းမှာကြားပါသည်။

ဆွေးနွေးပွဲအခမ်းအနားတွင် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာပင်လုံအေး က ကိုးရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို လေ့လာခြင်း ခေါင်းစဉ်ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက် လာကြသူများ က သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်း၊ ဖြည့်စွက်ဆွေးနွေးခြင်းများ ပြုလုပ် ခဲ့ကြပါသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များနှင့်  အရာထမ်း/ အမှုထမ်း များ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်း ဝန်ထမ်း အင်အား ၁၂၀ ကျော် တက်ရောက်ကြပါသည်။