၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့အခြေစိုက် Universa Global ကုမ္ပဏီ တည်ထောင် သူနှင့် စီမံခန့်ခွဲရေးမိတ်ဖက်ဖြစ်သူ Mr. Alexander Borodich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၀၇ ၃၀ နာရီတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁)၌ လက်ခံတွေေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။