၀န်ကြီးဌာနသတင်းများ

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့စကားဝိုင်း (Friday Talk) ၏ အမှတ်စဉ် (၄၁) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၁) ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ဆွေးနွေးမျှဝေ မည့် အကြောင်းအရာသည် “ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖွင့်လှစ်သည့်  မြန်မာနိုင်ငံ အတွက်ပေးအပ်သော တရုတ်နိုင်ငံ၏ အကူအညီဆိုင်ရာ သီအိုရီနှင့် လက်တွေ့လုပ်ငန်းစဉ်များသင်တန်းတက်ရောက်ခဲ့မှုကို  မျှဝေဆွေးနွေးမည်ဖြစ်၍ မိမိတို့ဝန်ကြီးဌာနနှင့် တိုက်ရိုက် သက်ဆိုင်မှုရှိသည့်အပြင် အရာထမ်းနှင့် အမှုထမ်းများအားလုံး  သိရှိနားလည်သင့်သည့် ခေါင်းစဉ်ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ နည်းပညာ၊ ငွေကြေး၊ လူ့စွမ်းအားအရင်းအမြစ်နှင့်  ပညာရပ်ဆိုင်ရာနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပုံစံအမျိုးမျိုးဖြင့် အကူအညီပေးအပ်လေ့ရှိပါကြောင်း၊ အကူအညီ အထောက် အပံ့များ ပေးအပ်ရာတွင်လည်း ပေးအပ်သည့် မူဝါဒများသည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ မတူညီဘဲ ၎င်းတို့နိုင်ငံ၏ စံနှုန်းများအပေါ်အခြေခံ၍ ပေးအပ်ကြပါကြောင်း၊ တရုတ်နိုင်ငံသည် လည်း ၎င်း၏ နိုင်ငံခြား အကူအညီအထောက်အပံ့ မူဝါဒအပေါ် အခြေခံ၍ ပေးအပ်ခြင်းဖြစ်ပါ ကြောင်း၊ ယခုဆွေးနွေးမည့် ခေါင်းစဉ်မှတစ်ဆင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားအကူအညီ အထောက် အပံ့မူဝါဒများ၊ သီအိုရီနှင့် အတွေ့အကြုံများကို သိရှိနားလည်ကာ မိမိနိုင်ငံအတွက်ထိရောက်သော အကူအညီများဖြစ်စေရေး စံသတ်မှတ်ချက် (Standard Operating  Procedures -SOP) များ လက်တွေ့ချမှတ် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ထိရောက်အကျိုးရှိသော ဆွေးနွေးမှုဖြစ် သဖြင့် တက်ရောက်လာကြသူများမှ စိတ်ပါဝင်စားစွာ ပါဝင်ဆွေးနွေးကြရန် ပြောကြားခဲ့ပါသည်။

            ဆက်လက်၍ ဆွေးနွေးတင်ပြမှုကိုဆောင်ရွက်ရာ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မို့မို့သီ က “မြန်မာနိုင်ငံအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ နိုင်ငံခြားအကူအညီဆိုင်ရာ သီအိုရီနှင့် လက်တွေ့လုပ်ငန်းစဉ် ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့သည့်အပေါ် အသိပညာမျှဝေခြင်းခေါင်းစဉ်ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံမှ ပေးအပ်လျက်ရှိသော ဘဏ္ဍာရေးအရင်းအမြစ် အကူအညီအထောက်အပံ့နှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တရုတ်နိုင်ငံ၏ အကူအညီ အထောက်အပံ့မူဝါဒနှင့် သက်သာသောချေးငွေနှင့် ဦးစားပေးဝယ်သူ့ချေးငွေတို့နှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပေးခဲ့ပါသည်။

    အခမ်းအနားသို့ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း/ အမှုထမ်းများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးရုံးများမှ Online ဖြင့် တက်ရောက်သူများ အပါအဝင် စုစုပေါင်းဝန်ထမ်းအင်အား ၁၀ ကျော် တက်ရောက်ကြပါသည်။