၀န်ကြီးဌာနသတင်းများ

၂၀၂၀ ပြည့်နှစ်တွင် မြန်မာ- အိန္ဒိယ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့သည့် စီမံချက် တစ်ခု လျှင် အမေရိကန်ဒေါ်လာ ၅၀,၀၀၀ ထက်မပိုသော မြန်ဆန်စွာ အကျိုးဖြစ်ထွန်းစေမည့် စီမံချက် (Quick Impact Project - QIP) များ အကူအညီပေးရေးဆိုင်ရာ သဘောတူစာချုပ်အောက်မှ ဆောင်ရွက်ရန် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ဦးစားပေး QIP စီမံချက်အသစ်များ အဆိုပြု လျှောက်ထားနိုင်ရေးနှင့်စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင် ဦးဆောင်၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ ၁၃၀၀ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၁) ရှိ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးသို့ စီမံချက်များ အဆိုပြုထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်‌ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်‌မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာဝန်ကြီးဌာန ၂၁ ခုမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အဆိုပြု လျှောက်ထားလိုသည့် QIP စီမံချက်များအပေါ် အိန္ဒိယနိုင်ငံဘက်၏ အကြံပြု Criteria များ၊ နိုင်ငံတော်၏ ဦးစားပေးမူဝါဒများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ ဦးစားပေးအစီအစဉ်များ နှင့်အညီ စိစစ်ရွေးချယ် အဆိုပြုနိုင်ရေး ဆွေးနွေးခဲ့ကြသည်။